Unicode
ခြေလှမ်းတွေသည် သွားရင်းသွားရင်းဖြင့်
ပိုပို၍ပင်နှေးလာမိတာသူသတိထားမိသည်။ ပျက်ပြယ်စပြုနေတဲ့ အဖြူရောင်ဆေးသားတွေ။
တထပ်နှင့်တထပ်ပြိုကျလုသဏ္ဌာန်ဖြစ်နေတဲ့ ပျက်စီးလျက် အဆောက်အအုံပျက်ကြီးဆီ မြန်မြန်သွားလိုက်တော့၏။" ဆေး "
အထုပ်တထုပ်ကို လှမ်းပေးသည်။ တောင်းထားသည့် ပိုက်ဆံအချို့ကိုအမြန်ပေးလိုက်သည်။ရင်တွေတုန်နေသည်ဆက်တိုက်။
" အမောက်ပြည့်တယ် ၊ ဆေးထိုးအပ်ပါလိုရင်ပြောနော် "
သေနတ်ကိုင်ဆောင်ထားသည့်လူတယောက်သည် မသွားခင်ပြောသည်။
ဆေးထိုးအပ် ?။ မူးယစ်စေတဲ့အရာထဲမှာဆေးထိုးအပ်ပါရှိသည်လား။" အင်း "
အလျင်မြန်ဆုံးပင် ပြေးထွက်ခဲ့လိုက်သည်။ လိုအပ်လို့သာ သွားယူရတာသိပ်ပြီးအလွယ်မကူ။
နေ့ရက်တိုင်းကမောင်ပါမနေတော့
ဘယ်လွယ်ကူပါ့မလဲ။အနက်ရောင်အိတ်ထဲမှာရှိသည့် အမှုန့်တွေကိုသာ မောင်မြင်ရင်ငါ့ကိုသတ်ပစ်ချင်လောက်အောင်မုန်းသွားမှာဘဲ။
တရားမဝင်အရာတွေကို သိပါရက်နဲ့စွဲစွဲမြဲမြဲသုံးနေမိပါသောကျွန်တော်။
နှုတ်ခမ်းတွေကိုလျှာသပ်လိုက်တော့ သွေးအရသာကို တဆက်တည်းခံစားရသည်။မှန်ကြည့်လိုက်တော့ အက်ကွဲပြီးခြောက်သွေ့နေတဲ့ကျွန်တော်နှုတ်ခမ်းတွေကိုကြည့်ပြီး မောင့်ကိုတမ်းတလာရသည်။
မောင့်နှုတ်ခမ်းကပေးတဲ့အစိုဓာတ်လေးကိုငါလွမ်းလိုက်တာ။
" Kim "
ထိုအမှုန့်တွေကို မသိမ်းဆည်းရသေးသည့်ကျွန်တော်။ အင်ဟာသည်ရုတ်ချည်းဆန်စွာရောက်လာတော့ ချွေးစေ့တွေပျံလာရသည်။ အနောက်ကိုဝှက်ထားလိုက်သည်။
" ဟမ်..ဟင် "
" ဘာတွေလန့်နေရတာလည်း "
" နင် နင်က ရုတ်တရက်ရောက်လာတော့
ငါလန့်မှာပေါ့ ၊ ဘာလာလုပ်တာလည်း "" ဒီအအေးတွေတွေ့တော့နင့်ပါမြင်လာတာနဲ့ ဝယ်လာလိုက်တာ "
" ငါမသောက်တော့တာကြာသွားပြီ ၊ ပြန်ယူသွားလိုက်တော့ "
![](https://img.wattpad.com/cover/298358217-288-k227305.jpg)
YOU ARE READING
[Just] Completed
Fanfictionဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် ဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် Zawgyi / Unicode Taekook Own Creation Orchidluv~