(11)

839 63 2
                                    

Unicode

မိုးသားတွေသည်ကောင်းကင်ယံမှာမှောင်မည်းနေကြသည်။
တိတ်ခါစပြုသွားပြီဆိုပေမယ့်လည်း
ပြန်ရွာနိုင်ချေရှိ‌တဲ့ အခြေအနေဘက်သို့တိမ်းစောင်းနေသည်။

မလှုပ်မယှက်အိပ်ပျော်နေပါတဲ့ရင်ခွင်ထဲမှ‌
မောင့်ချစ်ရသူလေး။
အိမ်ပြန်လွှတ်သင့်သည့်အချိန် ရောက်နေပြီးမှန်းသိပေမယ့် အတ္တကြီးမိစွာ
ပြန်လွှတ်မပေးချင်ဘူး။

အဖြူထည်လေးကို မောင်အရောင်တွေဆိုးတာသိပ်များနေလား။

ရင်ခွင်ထဲသာတင်းကြပ်စွာဖက်ထားမိပြန်တယ်။ ဒီအခိုက်အတန့်လေးသာ ရပ်တန့်သွားမယ်ဆိုရင်မောင့်ဘဝမှာ ဘာမှမလိုတော့ပြီ။

" အင်...ဟင်..."

" နိုးလာပြီဘဲ "

" ငါအိပ်တာအတော်ကြာသွားတယ် "

" ပြန်တော့မလား အိမ်ကို"

" ဟင်"

" ပြန်ချိန်ရောက်နေပြီ "

မောင့်ကိုဒုက္ခပေးလိုက်မိသလိုဖြစ်သွားတာဘဲ။ မောင်ဟာသူ့အိမ်မှာကြာကြာနေတာမကြိုက်ဘူးထင်တယ်။
အိမ်ရှင်ပြန်လွှတ်တော့လည်းပြန်ရမည်လေ။

" အင်း "

" မောင်လိုက်ပို့ပေးရမလား "

" တော်ပြီ "

" ထီးယူသွား ၊ မိုးပြန်ရွာနေမယ် "

တချိန်ကပေးဖူးခဲ့သော ထီးလေးကိုမောင်ပြန်ပေးသည်။ ရင်ဟာထိတ်ခနဲ။
မောင်သိမ်းထားတုန်းလား။

" ရတယ်မောင်"

" အရင်လိုငြင်းဆိုနေတုန်းဘဲဆိုရင်မောင်စိတ်မကောင်းဖြစ်မိမယ်"

" ကောင်းကောင်းအသုံးပြုပါ့မယ် "

အိမ်ရောက်တော့ ကားနက်ကြီးသည်ကျွန်တော်တို့အိမ်ရှေ့မှာ။
မဟုတ်မှလွဲ။

" ‌အဖေ "

" ဘယ်တွေသွားနေလို့ ဒီအချိန်မှပြန်လာရတာလည်း "

အင်ဟာမျက်နှာပျက်နေသည်။
မပြုံးချင်ဘဲပြုံးထားရသလိုမျိုးပေါ့။

" သူငယ်ချင်းတွေနဲ့ခနပါ ၊ ဒါနဲ့ဘာကိစ္စ

" ဖိတ်စာ ၊ မင်းတို့ ရဲ့မဂ်လာဖိတ်စာ ငါလာပေးတာ"

[Just] CompletedWhere stories live. Discover now