(6)

1.2K 91 0
                                    

Unicode

" ဘယ်သွားချင်သေးလည်း"

အပြာရောင် ခြယ်သထားတဲ့ကောင်းကင်ကြီးမဟုတ်တော့ဘဲ တိမ်စိုင်တွေကလိမ္မော်ရောင် ခပ်လွင်လွင်လေးသို့အရောင် ပြောင်း သွားချေပြီ။

သစ်ပင်တွေဝန်းရံထားတဲ့ရပ်ကွက်တခုရဲ့လမ်းကြားထဲမှာ မောင်နဲ့အတူ လက်တွဲပြီး
ခြေလှမ်းတွေကိုဖြေးလျှောက်နေရတာကလည်း ရင်ခုန်မှူတခုပါဘဲလား။

" မင်းရော "

" ဒီတိုင်းဘဲလမ်းလျှောက်ကြမလား"

" ဟိုက ?

လက်ညိုးညွှန်ရာဆီ ကြည့်လိုက်တော့
ရယ်စရာဆန်ဆန် အရောင်တောက်တောက်တွေ ဆိုးထားတဲ့ ဖွာကောက်ကောက် ဆံပင်အတုကို ‌သူငယ်ချင်းအုပ်စုထဲက တယောက်မှ စွပ်ထားလေသည်။

" Karaoke ကပြန်လာပုံဘဲ "

" သီချင်းဆိုခန်းလား "

" အင်းပေါ့"

" မောင်တို့ သွားဆိုကြမလား "

တည်တည်ငြိမ်ငြိမ်အမြဲနေတတ်တဲ့မောင်က မြူးမြူးထူးထူး ဟာသတွေရောနှောကြမယ့် သီချင်းဆိုခန်းကိုသွားချင်သတဲ့။
ဘယ်လိုတောင်ယုံရမလည်း။

" သွားကြတာပေါ့ "

လူနည်းစုသာ ဝင်လို့ရမယ့်အခန်းကျဉ်းကျဉ်းလေးတခု။ မီးရောင်စုံတွေ‌က မောင့် ကိုယ်ပေါ်ပြေးလွှားနေသည်။

" ဒါစွပ်လိုက်သင့်လား မောင်နဲ့လိုက်မလား"

မနေနိုင်တဲ့ ကျွန်တော့်စိတ်တွေကထ ရယ်မိတော့သည်။ ဒီခေါင်းစွပ်ကြီးကို စွပ်ပြီး
Rap ဆိုပြီး လှုပ်ခါရမ်းနေမည့် အတွေးထဲကမောင့်ပုံစံကိုပါမြင်ယောင်လာလေသည်။

" Bang Bang တဲ့ မောင်တို့ဆိုကြမလား "

" အဲ့တာ က ရတဲ့ဟာမလား "

" ကကြမယ်လေမောင်တို့အတူ"

ထိုစကားအဆုံး ပြန်လည်ပြီးနှစ်ယောက်အတူ ရယ်မိပြန်တော့သည်။ မောင်ကလူရွှင်တော်လေးတ‌ယောက်ဆိုတာမသိခဲ့ဘူး။

" လူရွှင်တော်လေးဘဲမောင်က"

" အင်း ရယ်စရာတွေဖန်တီးပေးမယ့်လူရွှင်တော်လေးတယောက် ၊ ဒါမယ့်မင်းအတွက်ဘဲ"

[Just] CompletedWhere stories live. Discover now