Unicode
ငါ့အကြောင်းကျမောင်အကုန်သိနေပြီး
မောင့်အကြောင်းကျ ဘာလို့မသိရသလည်း။နည်းနည်းတော့မတရားဘူးမဟုတ်လား။တရားပါတယ် သူကိုယ်တိုင်လည်းမောင့်အကြောင်းမေးခဲ့လို့လား။" မောင်ခေါ်နေတာကြာပြီ ဘာတွေတွေးနေလည်း"
" ဟင် ၊ ငါအသိစိတ်လွတ်သွားမိတယ် ၊ ဒါနဲ့မောင်"
" အင်း "
အပူငွေ့လေးတွေ ပျံနေတဲ့ပေါင်မုန့်လေးရော အငွေ့တွေတထောင်းထောင်းထနေတဲ့ နွားနို့ပူခွက်ရော။အင်း...ပေါင်မုန့်ကို လာချကတည်းက သူမထိရပါသေးလား။
သိပ်ကိုအတွေးလွန်သွားတာဘဲ။" ငါမောင့်အကြောင်းသိသင့်တယ်လို့မထင်ဘူးလား "
" မထင်ဘူး "
ကော်ဖီပူပူကို တစ်ကျိုက်ငုံရင်းမောင်ကပြောသည်။
" ဘာလို့လဲ "
" မသိတာကောင်းမယ်၊ သိတော့ရော ဒုံရင်းကဒုံရင်းဘဲ"
မောင်ကပြောချင်ပုံမရဘူး။ဟုတ်ပါတယ်လေ ဘယ်ပြောချင်မလည်း။
မောင်နဲ့ စတုတ္ထအကြိမ်တွေ့ပြီးကတည်းက မောင်က သူနဲ့ပတ်သက်တာတွေချည်းမေးခွန်းတွေဆက်တိုက်ထုတ်ခဲ့တာ။" စိတ်ဆိုးသွားလား "
" အောင့်သက်သက်တော့ဖြစ်တယ်၊ငါမကြိုက်ြိုက်ဘူးအဲ့လိုခံစားရတာကိုလေ"
သူမကြားနိုင်တဲ့ စိတ်၏နက်နဲတဲ့နေရာမှာတော့ မောင်ကသူ့ချစ်သူကိုတောင်းပန်ပါတယ်လို့ တဖွဖွဆိုနေလေသည်။
" ကောင်းမွန်တဲ့ date တခုဖြစ်ခဲ့တယ်မောင်၊ ကောင်းသောညပါ"
မီးဝါဝါရောင်အခန်းမီးအောက်က ပြတင်းပေါက်နားတွင် အင်ဟာတယောက်
ပရိတ်သတ်တယောက်လိုချောင်းကြည့်နေခဲ့တာသူတို့မသိခဲ့။" Kim ရဲ့မောင်က သိပ်ချစ်ပုံဘဲ ၊ အိမ်ထိတောင် လိုက်ပို့ပေးတယ်ဆိုတော့ "
ကျွန်မရဲ့ ချစ်သူဟာတော့ တယောက်တည်းဘဲပြန်လွှတ်သည်။ ချစ်သူမပါတဲ့အိမ်ပြန်ညတွေ။ Kim သိပ်ကံကောင်းလွန်းတယ်။
" ဟေ့ နေအုံးလေ "
"ဘာလဲ မောင် ၊ ငါနာ
ညရဲ့ အေးစိမ့်စိမ့် အငွေ့အသက်ကြောင့်
သူ့နှုတ်ခမ်းလေး ခြောက်သွေ့နေပြီ။
သိပ်မကြာခင်မှာတော့ အဆီစိုထားသလို
စိုသွားချေတော့ပြီ။
ဆိုးဖူးသမျှ နှုတ်ခမ်းသားကို အစိုဓာတ်ပေးတဲ့ ထဲကမှ မောင်ပေးတဲ့ အစိုဓာတ်လေးကို သဘောကျဆုံးဘဲ။
YOU ARE READING
[Just] Completed
Fanfictionဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် ဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် Zawgyi / Unicode Taekook Own Creation Orchidluv~