(18)

863 67 6
                                    

Unicode

*" ကျွန်တော့်နာမည် Jeon Jungkook ပါ Kim Taehyung shhi "

" ကျွန်တော့်နာမည် Jeon Jungkook ပါ Kim Taehyung shhi " *

မကြားချင်ဘူး။ သေလောက်အောင်ကိုမကြားချင်ဘူး။ ဘာတွေဖြစ်ပျက်နေတာလည်း။ ဘာလို့ ကျွန်တော်ချစ်ရပါတဲ့ မောင်က ကျွန်တော်မုန်းလှပါတဲ့ Jeon Jungkook ဆိုတဲ့လူပါလို့ပြောသွားရတာလည်း။

လက်တွေကိုနွေးထွေးမှုတွေပေးခဲ့ပါတဲ့ သူ၏လက်တွေသည်
ကျွန်တော်မဟုတ်တဲ့ တခြားတယောက်ရဲ့
လက်ကို ဆုပ်ကိုင်ထားသတဲ့။
ရယ်စရာကောင်းလိုက်လေခြင်း။

နှုတ်ဖျားထက်မှာ ချိုသာတဲ့စကားပြောလေးတွေနဲ့ နှစ်သိမ့်ပေးခဲ့ပါတဲ့ အသံလေးတသံသည် ယခုခါတွင်ခါးသက်တဲ့ကော်ဖီတခွက်‌မျှတောင် လိုက်မမှီနိုင်တော့။

ဂရုပြုခဲ့သော သူ၏အကြင်မျက်ဝန်းတွေ ကိုကျွန်တော်ဆိုသောသူအားအလျင်စလို မြင်လိုက်ချင်းမှာ
ဆန့်ကျင်ဘက်နယ်တခုသို့ ပြောင်းလဲသွားခဲ့သတည်း။

အမြဲတစေ အမုန်းတမ်းပြောခဲ့ဖူးသူသည်
အသက်‌လောက်ပင် ချစ်မြတ်နိုးရတဲ့ ထိုလူသားဖြစ်နေခဲ့သည်လေ။

လက်တွေ့မဟုတ်ဘဲ ထိတ်လန့်စရာကောင်းလှတဲ့ အိမ်မက်ဆိုးကြီးကနေ ဘယ်သောအခါမျှ ကျွန်တော်ဆိုသူကိုနိုးထခွင့်ပေးမည်လည်း။

ရုပ်သေးသဖွယ် သတ်မှတ်ခဲ့ပါတဲ့ မောင်။
မုန်းပေမယ့်ချစ်နေတုန်းဘဲလေ။

လည်ပင်းဖွေးဖွေးထက်မှာ ပေးခဲ့ဖူးသော
ဆွဲကြိုးလေးပျောက်နေပါသည်။ ထိုပိုင်ရှင်လေးက ,ပထုတ်လိုက်ပြီထင်ပါရဲ့။

ကျွန်တော်ခေါ်သော မောင် ဆိုတဲ့ ပေါ့ဆဆ အသံ‌ထက် ထိုသူသည် Jeon ဆိုပီး အဖျားဆွတ်ခေါ်တဲ့ မိန်းမလှအသံကို ပိုနှစ်သက်ပုံရပါသည်။

မောင်ကသိပ်တော်တာကျွန်တော့်ကိုလှည့်စားတဲ့ နေရာတနေရာမှာပေါ့။

နားထောင်ခဲ့လိုက်သင့်တာ။ဒီလိုမှန်းသာကြိုသိခွင့်ရှိခဲ့ရရင် ငါမောင်ကိုမချစ်ခဲ့ပါဘူး။

ကျွန်တော်ဆိုတဲ့ကောင်က လူ့လောကထဲထဲ ရောက်လာကတည်းက
အချစ် ဆိုတဲ့အဓိပ္ပာယ်ကြီးနဲ့လားလား မသက်ဆိုင်ခဲ့တာဘဲကိုး။

[Just] CompletedWhere stories live. Discover now