(19)

846 69 6
                                    

Unicode

တံခါးခေါက်သံကြားသည်။ အလျင်သွားဖွင့်လိုက်တော့ သိပ်မကြာခင်ကမှ မှာထားလိုက်သည့် pizza လာပို့သူဖြစ်၏။

သက်ပြင်းရှည်ကြောစွာချလိုက်မိသည်။
သူမ ကျွန်တော့်ဆီရောက်မလာတာ ကြာခဲ့ပြီ။ ကျွန်တော် သူမကိုလက်ထပ်ကြရအောင်လို့ ပြောသည့် ရက်ကနောက်ဆုံးဖြစ်ခဲ့မယ်ထင်သည်။

နည်းလမ်းမှမရှိတော့ဘဲ။
သူမနဲ့ လက်ထပ်မှရတော့မည်။ ပေါတောတောအတွေးဆို
ကျွန်တော့် ချစ်ရသူနဲ့ အဝေးဆုံးတနေရာကို ထွက်ပြေးဖို့စီစဉ်ခဲ့ရောပေါ့။
သို့သော် ကျွန်တော်ချစ်သောသူသည် ကျွန်တော်မုန်းသော လက်ထပ်ပွဲကိုဖြစ်မြောက်အောင်စီစဉ်ခဲ့သူဖြစ်သည်။

အသက်တွေရှူနေရပေမယ့် အောက်စီဂျင်မဝနေသလို အမြဲခံစားနေရတတ်သည်။
ထိုအချိန်တွေဆို ဆေးလိပ်သောက်မှ အဆင်ပြေသွားတတ်တော့သည်။

စကားတွေကိုရင်ဖွင့်‌နားထောင်ပေးမည့်သူမရှိ။ ချစ်ကြောင်းတွေတီတီတာတာ ပြောပြီး ရန်ဖြစ်ရမည့် ချစ်သူ မရှိ။
ကျွန်တော် နေ့ရက်တွေမှာ အရောင်တွေမစုံလင်တော့ပြီ။ ခဲသားမည်းစက်တွေသာ
ထင်ကျန်နေ‌ပါတော့၏။

ညနေပိုင်းအချိန်တွင် တိမ်တွေသည် ထူထပ်နေသည်။ တယောက်တည်း စားနေကျဖြစ်သော ပေါင်မုန့်ဆိုင်ဆီ ဦးတည်သွားလိုက်တော့သည်။

မောင်။

မောင့်မျက်နှာမှာ ဒဏ်ချက်တွေ သည်မြင်လို့မကောင်း။ သိပ်ကိုချောမွတ်သော မောင့်မျက်နှာ ကိုဘယ်သူကများ ရာရာစစ
လုပ်ရတာလည်း။ ကျွန်တော်တွေးရင်းနဲ့ပင် စိတ်တိုသွားခဲ့ရတော့ည်။ခနပါဘဲ။
ပြန်ရုတ်သိမ်းလိုက်သည်။

မောင်...ကျွန်တော့်ဆီ ခြေလှမ်းကျယ်ကျယ်တွေဖြင့် လျှောက်လာသည်။
ကျွန်တော်ကြောက်သည်။ ရင်တွေသည် ဝုန်းဒိုင်းကွဲထွက်နေတော့သည်။
ရှောင်ပြေးရမလား။စဉ်းစားနေချိန်မှာဘဲ
မောင်...ကျွန်တော့်ရှေ့ဆီရောက်နေပြီ။

" မောင့်ကိုမေ့လိုက်တော့"

မောင့်မျက်ဝန်းတွေသည် တည်ငြိမ်နေပြီး
ဝမ်းနည်းသော အရိပ်တွေသန်းနေသလား။ကျွန်တော်ဘာမှပြန်မဖြေချင်။

[Just] CompletedWhere stories live. Discover now