Unicode
" တွေ့ခဲ့ပြီလား "
" အင်း ၊ ငါတို့နောက်လိုက်နေတဲ့သူရှိတယ်"
" ဘာ ! နင်နဲ့ငါနဲ့နောက်ကို"
" အင်းနင်ရောပေါ့ ၊ မောင်ရောဘဲလေ ၊ သုံးယောက် "
" ဥက္ကဥကြီးကင်မ် လိုက်ခိုင်းတာလား:"
" မေးဖြစ်အောင်မေးလိုက်သေးတယ်"
" ဘွဲ့ထပ်ယူရအောင် ၊ အဲ့တာငါတို့အတွက်အကောင်းဆုံးလွတ်လမ်းဘဲ "
" လက်မထပ်ချင်လို့ ဘွဲ့တွေထပ်ပြီးရင်းယူနေတာ အတော်ကြာနေပြီ "
" ဘာလဲ ၊ ဒါဆိုနင်က လက်ထပ်ဖို့ရှောင်မလွဲဘူးပေါ့ ၊ ငါတော့လေ 10 နှစ်ဆက်တိုက် စက်ရုပ်တရုပ်လို အမိန့်တွေနာခံပြီးသွားပြီ ၊ ဆက်ပြီးလည်းမနာခံချင်တော့ဘူး ၊ နောက်ပြီး ဒီအမိန့်ကငါ့အတွက်ဆိုးအရွားဆုံးဘဲ Kim "
" ဒါဆို ပြောလေ ၊ ဘယ်လိုလုပ်ကြမှာလည်း ၊ အဖေလည်း ဒီမြို့ရောက်လာပြီ၊ နောက်ကနေလိုက်နေတဲ့ Stalker လည်းရှိတယ်၊ နင်တင်မွန်းကြပ်တာမဟုတ်ဘူး ငါ့စိတ်တွေလည်းေပါက်ပြီးရူးထွက်ကုန်တော့မယ် "
ဘာရယ်မဟုတ်တဲ့စကားပြောခြင်းကနေ
ဒီလောက်ထိ ရန်ဖြစ်တာကြီးကျယ်သွားလိမ့်မယ်လို့မထင်ထားခဲ့။
အင်ဟာ့အနေနဲ့ကြည့်မယ်ဆိုလည်းမမှား
သူမက သူ့ဘဝကိုထိန်းချုပ်တာသိပ်ကြောက်သလိုအရမ်းလည်းမုန်းတာ။
သူမဘဝကို အရိုးရှင်းဆုံးဘဲဖြတ်သန်းချင်တာ။လက်တွေ့နဲ့စိတ်ကူးဆိုတာ မပေါင်းစပ်အပ်သင့်ပါလား။ဘာကြောင့်ဆို
သိပ်ကွဲပြားလွန်းနေလို့လေ။မျက်လုံးလေးမှိတ်လိုက်ရင် ပျော်ရွှင်စရာကမ္ဘာလေးကစောင့်ကြိုနေလိမ့်မယ်။
မျက်လုံးလေးဖွင့်လိုက်ရင်တော့ ပူပန်သောကတွေ ဝန်းရံနေတဲ့ လောင်မြိုက်ခြင်းလူလောကကြီးက မျက်လုံးမဖွင့်မချင်းစောင့်ကြိုနေလိမ့်မယ်။လွတ်လမ်းတခုကို ရှာနေကြပေမယ့်
မြင်နေရတာဟာ မြူခိုးတိမ်ဖြူတွေသန်းနေပြီး တဝိုးတဝါး ဖုံးဖိနေလျက်။ငှက်လေးနှစ်ကောင်သည် အပြာရောင်ကောင်းကင်ယံထက်မှာ မပျံသန်းရတာသိပ်ကိုကြာရှည်လွန်းခဲ့ပြီ။

YOU ARE READING
[Just] Completed
Фанфикဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် ဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် Zawgyi / Unicode Taekook Own Creation Orchidluv~