Unicode
" ကင်မ်ထယ်ယောင်း မဟုတ်လား "
" ဟုတ်ပါတယ်...ဦးလေးက"
ကံကြမ္မာကြီးကရက်စက်သင့်သလောက်
ရက်စက်ပေးခဲ့လိုက်ပြီထင်တယ်။
ကျန်သော ဇာတ်ရပ်ခန်း အစစတို့ကိုကျွန်တော်ဘဲ ဦးဆောင်သွားရတော့မယ်ထင်သည်။Screen ပြားထက်မှာ မြင်နေရသော
မောင်။ အမှောင်မှောင်အမည်းမည်း ချုပ်တည်းထားတဲ့ အခန်းကြီးမှာ မောင်သည် မခံသင့်သော ဒဏ်များကိုကြိတ်မှိတ်စွာခံနေသည်။ကျွန်တော့်ကိုဘာတခုမှ အထိခိုက်မခံစေချင်လို့ ရေငုံနှုတ်ပိတ်နေခဲ့တဲ့မောင့်ရဲ့ခါးသီးနာကျင်ရတဲ့ဒဏ်ရာအချို့နဲ့ ကျွန်တော့်ရှေ့မှာ ဘာမှမဖြစ်ဟန်နေသော မောင်။
ကျွန်တော်နောက်ပိုင်းတွေဆက်မကြည့်နိုင်တော့။ ပိတ်တော့မလို ကြားလိုက်ရသော အသံကြောင့် ရပ်တန့်သွားရသည်။
( " မင်း...ငါ့သားကိုချစ်နေသရွေ့ ငါကတော့ မင်းကိုကြမ်းရုတ်တဲ့တာဝန်တွေပေးနေမှာဘဲ " )
ငါ့သား ? ။ အဲ့စကားလုံးကြီးကဘာလည်း။ အဖေ့အသံကြီးဘာလို့ဖြစ်နေရလည်း။ နောက်ပြီး မောင်ကရော ဘာလို့အဖေ့ ကို သွေးစက်တွေနဲ့ဒူးညွန့်နေရတာလည်း။
အရမ်းရက်စက်လိုက်တာ။ကျွန်တော့်အဖေမှဟုတ်ရဲ့လား။
" ဦးလေး ...ဘယ်ကနေဒါတွေရလာတာလည်း "
ဖြစ်ရပ်အချို့ချို့တို့ကို အသေးစိတ်ကနေစပြီး ရှင်းပြသည်။ အင်ဟာပြောတာဟုတ်သည်။ မောင်ကငါတို့ကြားရောက်မလာသင့်ဘဲရောက်လာရတာတဲ့။
ဦးလေးက ပြောတယ်။ မှန်ကန်သောဖြေရှင်းချက်လေးတွေပေါ့။
ဖြူဖြူစင်စင်နဲ့ ငွေကိုအဓိကထားပြီး တာဝန်ကောင်း အရပ်ရပ်တို့ကို ကောင်းစွာလုပ်သည့် သာမန်ကောင်လေး
Jeon Jungkook တဲ့။အလွန်ကြိုးစားခဲ့ရင်း ရလာသော ရာထူးတွေကိုပါ သူနှင့်မထိုက်တန်ပါဘူး ဆိုပြီးရှောင်လွဲချင်သော ကောင်ကလေးတဲ့။
ဒါပေမယ့် ပေးအပ်ပြီး ရရှိလိုက်ရတဲ့ ရာထူးက သူ့ဘဝကြီးကို အထက်အောက်ဇောက်ထိုးပြောင်းပြန်လုပ်ပေးခံလိုက်ရတယ်တဲ့။
YOU ARE READING
[Just] Completed
Fanficဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် ဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် Zawgyi / Unicode Taekook Own Creation Orchidluv~