Unicode
Listen to music ! ! !
IF You Coverby Jungkook" ထယ်....အဆင်ပြေရဲ့လား ၊ မျက်နှာလည်းမကောင်းဘူး "
" ကျွန်တော်ပြေပါတယ် ၊ အကိုသာကားကိုဂရုစိုက်မောင်းပါ ....နော်အကို"
အကို့နေရာမှာ မောင်သာဆို ကျေကျေနပ်နပ်ကြီးမပြေဘူးလို့ဘဲ ပြောမိမှာ။
အဲ့လိုဆို မောင့်ဘက်ကပြောမယ့်စကားကို
မကြားလည်းကျွန်တော့်ဘက်ကသိနှင့်ပြီးသား။ " မင်းပျော်နိုင်သမျှကြိုက်သာလုပ် " ဒါမှမဟုတ် " မင်းပျော်တဲ့နေရာဆီပို့ပေးရမလား " စကားတွေဘယ်လိုလာမည်ဆိုတာမသိပေမယ့်ကျွန်တော်ပျော်ဖို့ဆိုတဲ့ အဓိပ္ပာယ်လေးကတော့ မလွဲမရှောင်သာ ပါနေမှာ။မင်းစကားတွေကိုတမ်းတနေရတာ
အဆင်မပြေဘူးမောင်။ဒါပေမယ့် ကျွန်တော်နဲ့မောင်နဲ့က မိတ်ဆွေတွေသာဖြစ်သွားကြပြီလေ။
လက်မခံချင်ပေမယ့်လက်ခံရမယ်မလား။အကိုဆိုသောဤလူသား။ ကျွန်တော့်ချစ်သူလို့ဆိုယောင်ထားသည်။တကယ်လည်းဟုတ်ပါဘိလေ။ အကိုနဲ့စတွေ့တဲ့အချိန်တွေကိုပြန်ရစ်ရရင်ဖြင့်
မှတ်မှတ်ရရ မိုးတွေသည်းထန်ရွာသွန်းတဲ့ည။
မောင်ပေါ်လာလိမ့်မလားဆိုပြီး လမ်းပေါ်မှာ ထွက်ရပ်ခဲ့တဲ့ ညအချိန်မတော်ပေါ့။ခန္ဓာကိုယ်ကနုံးချိနေပြီး မိုးရေထဲမှာပါပင်ထွက်ရပ်လိုက်တော့ သေမလိုပါဖြစ်ခဲ့ရသေးသည်လေ။
အကို့ကားနဲ့တိုက်မိသလိုဖြစ်ပြီး အသက်ပါစိုးရိမ်ရတဲ့အခြေအနေထိဖြစ်သွားတယ်ဆိုတာ အကို့ဆီကနေပြန်ကြားရသည်။
လူကောင်းတယောက်ပါ။အင်ဟာက လက်ထပ်ပွဲကိစ္စတွေနဲ့ရှုပ်နေတဲ့အချိန်မှာကျွန်တော်က အသည်းအသန်ဖြစ်နေတော့
သူမလည်းလာကြည့်မအားဘူးလေ။အကိုကသာမန်ကောင်လေးတယောက်။
စားသောက်ဆိုင်လေးသာဖွင့်ထားပြီး
တယောက်တည်းသာ ပိုင်တဲ့သာမန်ကောင်လေးတယောက်။စိတ်ထားကမာရည်ကျောရည်ရှိပေမယ့် သူထားသင့်သလောက် တော့ကျွန်တော့်အပေါ်မှာနူးညံ့ပါသည်။ကျွန်တော်ဆိုသောကောင်ကလည်း
သာမန်ရုန်းကန်ကြိုးစားရှာနေရတဲ့ လူသားတွေနဲ့ အချစ်ရေးအနှောင်အဖွဲ့ဆက်ကြိုးတွေ ပါလာတယ်ထင်သည်။
YOU ARE READING
[Just] Completed
Fanfictionဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် ဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် Zawgyi / Unicode Taekook Own Creation Orchidluv~