(13)

764 64 11
                                    

Unicode

မောင့်ရင်ခွင်ထဲမှာ ငြိမ်သက်စွာနေနေမိသည်။ သဘောကျသည်။ သေလောက်အောင်ကိုသဘောကျသည်။
အချိန်တွေသာရပ်တန့်ပေးသွားရင်ကောင်းမယ်။

" အိပ်နေပြီလား "

" ဟင်...မအိပ်ပါဘူး"

" ငြိမ်နေလို့လေ "

" အင်း "

" ခေါင်းအုံးတွေနဲ့ဆော့လိုက်ရတာ ရယ်ချင်စရာကောင်းတယ်"

" ဘာလို့လဲ "

" ကလေးတွေနဲ့တူမနေဘူးလား မောင်တို့"

" မတူပါဘူးနော် ‌၊ မကြိုက်ဘူးလား"

" ဟင့်အင်း ၊ အဲ့အချိန်တွေကိုထပ်သွားချင်နေမိတာ"

သတိလက်လွတ်နိုင်စွာနဲ့ မောင့်လည်ပင်းအဖွေးသားကို ကိုယ်ကိုကိုယ်တိုင်တောင်မသိလိုက်ဘဲ နမ်းရှူံ့လိုက်သည်။

" အာ..စိတ်လွတ်သွား

လက်နှစ်ဖက်ကိုချုပ်ကိုင်ပြီး ကုတင်ပေါ်
ပစ်တင်သည်။ ကြောက်လန့်နေမိပြီး မျက်လုံးဖွင့်ရန်လည်း စိုးရွံ့နေမိသည်။

ပါးပြင်ကနေခပ်စိုစိုအနမ်းလေးတပွင့်။
ထပ်ပြီး နှာဖျားထိပ်ကမှဲ့လေးကိုအကြာကြီးဖိကပ်နမ်းနေသည်။ နဖူး ၊‌ မေးစေ့ ၊
နှုတ်ခမ်း ၊ မျက်နှာပေါ်မှာရှိတဲ့ အစိတ်အပိုင်းတခုချင်းစီကို ဖြည်းညင်းစွာနမ်းနေသောမောင်။

နီသွေးကြွယ်နေသောနားရွက်ဖျားလေးကို ဖွဖွလေးကိုက်သည်။ ကျွန်တော့်စိတ်တွေသေသွားတော့မတတ်လိုဘဲ။မောင့်နှာတံလေးက အောက်ဆင်းသွားပြီး လည်ပင်းသားလေးကို ဖွဖွလေးဘဲ အနမ်းတွေပေးသည်။

" မကြောက်ပါနဲ့ ၊ မောင်ဘာမှမလုပ်ပါဘူး

" ငါယုံပါတယ် "

" မောင်ပြောစရာရှိတယ်"

" ဟင် ...အင်း..ပြောလေ"

" မောင်မင်းနဲ့အတူနေလို့ရမလား" ( living together )

" ဒါ စ စရာမဟုတ်ဘူးမောင်"

" မယုံတာလား "

" ယုံရမှာကြောက်နေတာ"

ခေါင်းလေးကိုပွတ်သပ်ပေးလိုက်သည်။
ဩရှပြီးတိုးလျင်းတဲ့အသံလေးက ဘယ်လောက်တောင် စိုးထိတ်နေသလဲဆိုတာ သိနိုင်တယ်။

[Just] CompletedWhere stories live. Discover now