(1)

4.7K 224 3
                                    

Unicode

မိုးတွေအပြင်မှာမဲပြီးအုံ့နေတာကျောင်းသွားကတည်းကသတိထားမိသည်။
ထီးလည်းပါတယ်လိုလိုမယ်မယ်ဆောင်ထားတာလည်းဟုတ်သည်။
မနက်ကတင် ကျောင်းမသွားခင်အိမ်ကနေထီးထည့်ပေးလိုက်သည်။

လွယ်အိတ်ထဲမှာပါနေမှန်းသိနေသော်လည်းအမေ့ စေတနာကိုမငြင်းပယ်ချင်တာကြောင့် ယူထားလိုက်သည်။

ညနေ အိမ်ပြန်တိုင်းအမြဲဖြတ်သွားနေကျ ပန်းခြံငယ်အသေးစားလေးကို မျက်မှန်းတပ်မိနေသည်။

ဒီနေ့အစီစဉ်ဆွဲထားတာ ဒီပန်းခြံလေးကို ခြုံငြုံကာ ပန်းချီ သွားဆွဲမည်လို့။
ကျောင်းဆင်းချင်းချင်းပင် ဦးတည်လိုက်တော့သည်။

တဖြောက်နှစ်ဖြောက်တင်မကတော့ဘဲတဆက်တည်း ကျလာ‌သောမိုးပေါက်တွေကြောင့် အမေ့ထီးလေးကိုဆောင်းလိုက်သည်။

လူသူတွေကင်းမယ့်သွားပေမယ့် တယောက်ယောက်ကျန်နေတယ်။
ပြေးလည်းမပြေး။ အိပ်နေတာစာအုပ်လေးကိုမှောက်ကာ။
မိုးရေတွေ တကိုယ်လုံးစိုရွဲနေသည့်အနေအထား။

ထီးပိုတစ်လက်လည်းပါလာသည်ကြောင့်
ကူညီချင်သောစိတ်ကမနေနိုင်၍သွားကာ
ထီးမိုးပေးလိုက်သည်။

"မိုးရွာနေပြီ ထီးယူသွားလိုက်"

အေးစက်စက်မျက်ဝန်းတွေ ထဲမှာအရည်ကြည်လဲ့နေတဲ့ မျက်ရည်။ အေးစက်တယ်မိုးရေတွေလို။ စိုနေတယ်မိုးစက်တွေထိတွေ့ထားသလို။

ဆောင်းပေးသော ထီးလေးအားလျစ်လျူရှုကာထွက်သွားလေသည်။
အကြင်နာမဲ့နေတဲ့မျက်ဝန်းတွေက အဓိပ္ပာယ်တခုကိုခေါ်ဆောင်သွားသည်။

"သားလေး မိုးမိလာတာလား အဘိုးသိရင်ဆူနေအုံးမယ်သွား အခန်းထဲအအေးမမိအောင် သွားအကျီတွေလဲချည်"

"ဟုတ်ကဲ့ အမေ"

မြင်လိုက်ရသော ပုံလေးတွေကြောင့် အနည်းငယ်သက်သာသွားရသည်။
ပန်းခြံပုံတွေ၊ရှုခင်းပုံအမျိုးစားတွေနဲ့အိပ်ခန်းနံရံလေးမှာ စုဝေးနေကြသည်။

‌အေးချမ်းချင်တယ်။ဘယ်သူမှမရှိတဲ့မသိတဲ့‌တိတ်ဆိတ်တဲ့ နေရာလေးမှာသွားနေချင်တယ်။
ဒါသူ့ရဲ့အရိုးရှင်းဆုံးရည်မှန်းချက်။

[Just] CompletedWhere stories live. Discover now