(8)

1K 77 2
                                    

Unicode

" Hyung ကိုလိုက်ရှာနေတာ ၊ ဖိုင်အတွက်ကျေးဇူးဘဲ "

" ယူထားလိုက်တော့ ၊ အဲ့တာမင်းဟာဖြစ်သွားပြီ "

Hyung ပြောသောစကားကိုနားမလည်ခဲ့ပါ။ ဘာကိုဆိုလိုချင်တာလည်း။

" ဘာလို့..ဘယ်လို "

" အင်း....အတိုချုံးဆို မင်းက နောက်တက်မယ့် ဥက္ကဥအတွက် အတွင်းရေးမှူးတာဝန်ပေါ့ "

" ဘယ်လိုဖြစ်ပြီး...? Hyung လျှောက်ပြောနေတာတော့မဟုတ်ဘူးမလား "

" ဒီလောက်ဆိုနားလည်လိုက်တော့ ငါ့ကောင်ရေ.."

ပုခုံးကိုပုတ်ပြီး ပြုံးတိတိသူ့အရှေ့မှ ထွက်သွားလေသည်။ ဖိုင်အဖြူလေးဟာလည်း
အညိုရောင်ကြွေပြားပေါ် အပြစ်မရှိစွာ ကျသွားလေတော့
သည်။ ပြတင်းပေါက်ကနေ မျက်နှာကို လာထိသော နေရောင်ကိုကြည့်လိုက်တော့
အမြင်အာရုံက
ဝေဝါးခြင်းဖြင့်သာ။

မျက်ရည်‌တွေသည် ထိုဖိုင်အဖြူလေးမှာ
ရက်စက်စွာဖြင့် ထင်ကျန်နေတော့သည်။

အရုပ်ကြိုးပြတ်သလို၊ကျောက်ရုပ်တရုပ်အလား ထိုင်နေတာအတန်ကြာသွားသည်။ တံခါးခေါက်သံလေးကြားမှသာ
ကိုယ်ဖြစ်ပျက်နေသော အခြေအနေတို့ကို
သတိရ‌မိတော့သည်။

" ဥက္ကဥကြီး Kim Soung Ho ကခေါ်ခိုင်းလိုက်လို့ပါ "

ခြေလှမ်းတွေသည် သွားရင်းသွားရင်းဖြင့်
နှေးသထက်နှေးလာလေသည်။ဒါပေမယ့်မကြာလောက်မှာဘဲ ရုံးခန်းရှေ့ရောက်သွားတော့သည်။

ခက်ထန်တဲ့မျက်နှာအသွင်နဲ့ တကိုယ်လုံးကို စစ်ဆေးတဲ့မျက်လုံးတွေဖြင့်ကြည့်ရှူသည်။ လက်ထဲမှ စာရွက်စာတမ်းတွေကို ချပြီး ကျွန်တော်ခံနိုင်စွမ်းမရှိတဲ့
စကားတွေကို နှူတ်မှဆိုသည်။

Stalker တဲ့။ အတွင်းရေးမှူးဆိုတဲ့ ရာထူးမရောက်ခင် မင်းလုပ်သမျှ အရာတွေကို
ကားနဲ့နောက်ယောင်ခံပြီးတင်ပြရမယ်တဲ့။

မောင့်မျက်နှာမင်းကိုဘယ်လိုနည်းနဲ့သုံးပြီး ပြရမှာလည်း။
ဒီတာဝန်ကိုမောင်ဘယ်လိုပုံစံနဲ့ထမ်းဆောင်သင့်သလဲ။
တကယ်တော့ မောင်ကလေမင်းတို့နှစ်ယောက်ကြားမှာ
အဆင်ပြေဖို့ကြိုးစားပေးရမယ့်လူတယောက်အပြင်မပို င လောက်ပါဘူး။

[Just] CompletedWhere stories live. Discover now