Unicode
" ကျွန်တော် cake မှာပြီးပါပြီ "
" ဘယ်နေ့ရမလဲတဲ့ "
" Wedding နေ့မတိုင်မီ ရအောင်လုပ်ပေးမယ်တဲ့ "
ဖုန်းထဲမှ recording အသံဖိုင်ကို အမြန်ဆုံး delete လုပ်ပစ်လိုက်တော့သည်။
" မောင့် မျက်နှာဘာဖြစ်တာလည်း"
" ဟင် "
" နှုတ်ခမ်းရော ၊ နဖူးထိပ်ရော သွေးတွေစို့နေတယ်မောင် "
" ရိုးရိုးပါ ဆေးလိမ်းရင်ပျောက်သွားမှာ"
" မောင်ဘာဖြစ်လာတာလည်း "
" အသေးမွှားလေးပါမောင့်ဘာသာမောင်
" မောင့်ကို ဘာဖြစ်လာတာလည်းလို့ ငါမေးနေတယ်လေ ! "
ဒေါသရိပ်ကြည်းသန်းသော မျက်ဝနိးတွေဖြင့် စူးစိုက်ကာ မပြီးသေးသော စကားကိုဖြတ်ပြောလိုက်သည်။ သို့သော်ထိုဒေါသတွေသည် မောင့်ကိုချစ်လွန်းလို့သာလျှင်ဖြစ်ပေါ်ပါသည်။
" မသိချင်စမ်းပါနဲ့ "
ဆံပင်ကိုစုတ်တချက်သပ်ပြီး ထွက်သွားသောမည့်မောင့်လက်ကို ဆုပ်ကိုင်လိုက်သည်။
" မောင်....မင်းမလိမ်နဲ့"
အရင်လိုဆိုမောင်ဘယ်သောအခါမှ မင်းအပေါ်မုသားမသုံးဖူးဘူး လို့ ပြတ်ပြတ်သားသားပြောမိမှာမှန်ပေမယ့် ခုလုပ်နေတဲ့လုပ်ရပ်တွေကြောင့်ပြောဖို့စကားတွေပျောက်ရှသွားရသည်။
" မောင်လိမ်နေတယ်ဆိုတာငါသိတယ် ၊ မောင်မပြောချင်လည်းရပါတယ်၊ ဒဏ်ရာကိုတော့ လျစ်လျူရှုလို့မရဘူး "
လက်နဲ့အတင်းဆွဲခေါ်ပြီးကုတင်ပေါ်ထိုင်စေသည်။ ဗီရိုပေါ်တွင် ရှိသော ဆေးဗူးထုပ်ကို ယူပြီး အရက်ပျံကို နှိုက်ချွတ်ရှာနေသည်။
" မောင်အဆင်ပြေတယ်"
"ငါမပြေဘူး ၊ ငြိမ်ငြိမ်ထိုင်နေ "
" အင်း "
ငြိမ်ကုတ်သွားတဲ့ကြောင်ပေါက်စကလေးလို တခွန်းမှ မရှည်တော့ဘဲ ဆေးထည့်ပေးတာကို ခံနေသည်။ဘာရယ်မဟုတ်
မောင်ရဲ့ဒီပုံစံလေးကိုကြည့်ပြီး
အူယားနေမိတယ်။
YOU ARE READING
[Just] Completed
Fanfictionဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် ဒီတိုင်းတွဲခဲ့ကြတာမို့ ဒီတိုင်းအဆုံးသတ်လိုက်ကြရအောင် Zawgyi / Unicode Taekook Own Creation Orchidluv~