(21)

962 64 4
                                    

Unicode

အချိန်တွေသည်သိပ်ကိုကြာရှည်လွန်းနေတော့ ပထမဆုံးရပ်တန့်လိုက်သူသည်
မောင်ဖြစ်သည်။ စိုရဲနေသောကျွန်တော်၏နှုတ်ခမ်းသားပါးပါးလေးတွေကို လက်နဲ့သုတ်ပေးစေပြီး
စကားတခွန်းကိုဆိုသည်။

" မောင်တို့က ချစ်နေကြပေမယ့် တနေ့မဟုတ်တနေ့တော့ ဝေးကြမယ့်လူတွေပါ "

တိုးလျသော ထိုအသံကလေးကို ကျွန်တော့်နားထဲမှာ စွဲနေအောင်မှတ်ထားလိုက်သည်။

" မင်း...အု

ကျွန်တော်နမ်းလိုက်သည်။
ကျွန်တော်နှင့်မောင်၏မျက်နှာအနီးကပ်အနေထားမှာ မောင့်ရဲ့အသက်ရှူသံမျှင်မျှင်လေးကို ကြားရသည်။

" ဘာလို့ ယောင်းငယ် မဖြစ်ရတော့တာလည်း ၊ ပြောလေမောင် "

" အချိန်အခါမသင့်ဘဲ ဒီနာမ်စားကို မောင်မခေါ်သင့်ဘူး "

" အချိန်အခါ မသင့်ဘဲ ! ? ၊ နှစ်ယောက်တည်းသာရှိတဲ့ အချိန်ကို မောင်ကအချိန်အခါမသင့်ဘူးဆိုတော့ ဘယ်အချိန်တွေမှာသွားသင့်ချင်‌နေရတာလည်း "

စိတ်တိုတိုနှင့်ပြောမိတော့ မလှုပ်မယှက်
စိုက်ကြည့်နေတဲ့ ညို့ငင်အားရှိတဲ့မောင့်ရဲ့
မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ ဆုံသည်။

" ယောင်းငယ် "

ရှေ့စမုတ်မှာဝဲကျနေတဲ့ ဆံသားတွေကိုဖွဖွလေးဖြင့် သပ်လိုက်ပြီး မောင်ကလက်ကိုဆုပ်ကိုင်သည်။

မောင့်အပြုအမူတွေကိုကျွန်တော်လုံးဝနားမလည်နိုင်တော့ဘူး။
ဘာလို့အေးဆေးနေရတာလည်း။

" အင်း "

" ယောင်းငယ်ကို မောင်သိပ်ချစ်တယ် "

" အင်းသိတယ် , အဲ့တာကြောင့် "

" ရှုး "

" မောင့်မှာယောင်းမသိတဲ့ အရာတွေများကြီးရှိနေသေးတယ် "

" သိတယ်လေ ၊ ငါ့ကိုပြောပြလိုက်ရောပေါ့"

" ဟင့်အင်း ၊ မောင်သစ္စာဆိုထားတယ် "

" ဘာသစ္စာဆိုထားလို့လည်း "

" ဒီလျိုဝှက်ချက်တွေကို မောင် ယောင်းငယ်ကိုပြောမိရင် မောင်တို့ နောင်ဘဝကျ ကံမစပ်ပါစေနဲ့ လို့ , အကယ်၍မပြောမိရင် မောင်တို့နောင်ဘဝတင်မက သံသယအဆက်ဆက်တွေပါ နှစ်ဦးအတူတွဲလက်တွေခိုင်မြဲပါစေလို့ လေ "

[Just] CompletedWhere stories live. Discover now