(24) [ End ]

2.3K 65 12
                                    

Unicode

လေအေးတွေတဖြူးဖြူးမျက်နှာပေါ်လာရိုက်ခတ်နေသည်။
လေတိုးသံတွေနားထဲမှာစီးချက်ညီစွာကြားနေရသည်။

ဆွဲကြိုးလေးသည်လည်း လေထဲမှာလွင့်ဝဲနေသည်။ အချိန်တခုထိရပ်နေမိသည်။
ယောင်းငယ်...မောင့်ကိုခွင့်လွှတ်ပေးမယ်မလား။

လေနဲ့အတူဘယ်ညာယိမ်းပြီး ပစ်လိုက်တဲ့အချိန်မှာ စီးချောင်းနဲ့အတူမြောပါသွား
တော့တဲ့ သူပိုင်သောနှလုံးသားအစုံကို
ပြန်ဆည်ခွင့်မရနိုင်တော့သည်။

ကြည်လဲ့သောရေပြာပြာအောက်မှာ
ငြိမ်သက်စွာ အနားယူနေလိုက်ပါတော့ဆွဲကြိုးလေးရေ။

ဝဲတက်လာလေသောမျက်ရည်စတို့ကို
လျစ်လျူရှုလိုက်ရင်း အပြီးအပိုင်အဆုံး
ပြန်မရပ်နိုင်တော့မည့်ဒီမြေပြင်ကနေခြေလှမ်းတို့ကိုလှမ်းလိုက်တော့သည်။

ဒီတိုင်း။
ချိုချဉ်လေးပေးတိုင်း " ဒီတိုင်း "လို့ပြန်ပြန်ပြောတတ်တဲ့မင်း‌စကားလုံးတွေနောက်လိုက်လံမိရင်း
မှုန်ဝါးသောလမ်းတွေကိုလျှောက်သထက်လျှောက်နေမိတယ်။
လမ်းရဲ့ဂိတ်အဆုံးမှာတော့စာတန်းကလေးက ညွှန်ပြထားတယ်။
( Dangerous Street ) တဲ့။

ဖိတ်ခေါ်သူမရှိဘဲလျှောက်ခဲ့တဲ့ စူးနစ်တဲ့နှလုံးသားလမ်းမှာ‌စောင့်ကြိုသူကို မျှော်ငခြင်းမရှိ တွေ့လိုက်ရတော့
မှားယွင်းတဲ့လမ်းမှန်းသိရက်နဲ့ဆက်လျှောက်မိခဲ့တဲ့ခြေလှမ်းရာတွေဟာ
မလှမပ ဝမ်းနည်းခြင်း အရာတွေကိုသာ
ပေးအပ်စေခဲ့တယ်။

ဒီတိုင်းလေးသာတွေ့ဆုံခဲ့ကြတယ်။
ဒီတိုင်းလေးသာစကားတွေပြောဟခဲ့ကြတယ်။
ဒီတိုင်းလေးသာချစ်မိခဲ့ကြတယ်။
ဒီတိုင်းလေးပါဘဲ။ အမှားအယွင်းခြစ်ရာတွေက များလာလိမ့်မလည်းလို့ဘယ်သူကမှမထင်မိခဲ့ကြဘူး။ဒါပေမယ့်
အဲ့တာကိုကများမှားနေမလား။

မပိုင်ဆိုင်သောပန်းပွင့်လေးမညိုးနွမ်းစေအောင် ရေလောင်းပေးချင်ရုံသာစိတ်ရှိတဲ့ ဥယျာဉ်မှူးကိုအပြစ်ဆိုနေလို့မှမရဘဲ။

မမှားခဲ့ကြဘူး။
မမှားခဲ့ကြပေမယ့်လာရာလမ်းအတိုင်း
ပြန်သွားရတော့မယ့်အေးစက်စက်ခြေလှမ်းတွေက အခုအခါမှာတော့နှေးကွေးနေခဲ့တယ်။
ဂိတ်အဝမှာတခါက စောင့်ကြိုခဲ့ဖူးတဲ့ လူသားလေး ရှိမနေခဲ့လို့များလား။

[Just] CompletedWhere stories live. Discover now