Connection

1.2K 198 46
                                    

" ဆောင်းဟွန်းနီးရေ ! ငါ့ကို ဆရာမက ပြောတယ် အတန်းခေါင်းဆောင် ဝင်အရွေးခံပါလားတဲ့ "

မူလတန်းအရွယ် ဂျယ်ယွန်းက မပီ့တပီအသံလေးနှင့် ပြောသည်။ သူ့ဘေးက ကလေးလေးမှာတော့ အိပ်ချင်မူးတူး ဖြစ်နေပေမဲ့ ဂျယ်ယွန်းစကားကို ဂရုစိုက်နားထောင်ရင်း ခေါင်းငြိမ့်ပြသည် ။ 

" မင်းရော ဘယ်လိုထင်လဲဟင် ငါက သူတို့တွေကို သေချာ ဂရုစိုက်ပေးနိုင်ပါ့မလား " 

အတန်းထဲမှာရှိတဲ့ တခြားကလေးတွေကို လိုက်ကြည့်ရင်း ဝန်လေးနေပုံပေါက်တဲ့ ဂျယ်ယွန်းကို ဆောင်းဟွန်းက " မင်း လုပ်နိုင်ပါတယ် " ဆိုတဲ့ စကားလေးတစ်ခွန်းသာ ဖြေခဲ့သည် ။ 

 ပတ်ဆောင်းဟွန်း နဲ့ သူ နဲ့ သိတာ သိပ်တော့ မကြာသေးပေ ။ ကျောင်းမှာ ဘေးချင်းကပ်ရပ်ထိုင်နေကြ သူအချင်းချင်း သင်္ချာအဖြေတိုက်ကြ ၊  နေ့စဉ်မှတ်တမ်း ရေးတဲ့နေရာတွေမှာ တိုင်ပင်ဖြစ်ကြရာမှ သူတို့နှစ်ယောက် သူငယ်ချင်းတွေဖြစ်လာခဲ့သည် ။  

မှတ်မှတ်ရရ အဖြစ်အပျက်လေးတစ်ခုတောင် ဂျယ်ယွန်း အခုထိ သတိရနေပါသေးသည် ။ ကျောင်းစတက်တဲ့နေ့က ဂျယ်ယွန်းနဲ့တခြားကလေးတွေ အိမ်ကိုလွမ်းလို့ငိုနေတုန်းမှာ ဆောင်းဟွန်းကတော့ တည်ငြိမ်စွာပဲ စက်ရုပ်ပုံပါတဲ့ ဖန်ဂေါ်လီလုံးလေးကို ဟိုလှိမ့်ဒီလှိမ့်ကစားနေခဲ့သည်။

အသားကုန် အာခေါင်ခြစ်ငိုတဲ့ ဂျယ်ယွန်းလည်း မောလာတော့ အော်ငိုနေတာကို ခဏရပ်ပြီး ဘေးခုံမှာရှိတဲ့ ဆောင်းဟွန်းကို ကြည့်မိကြည့်ရာကြည့်နေမိသောအခါ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ၊ ဆောင်းဟွန်းရဲ့ စက်ရုပ်ဂေါ်လီလုံးလေးက ဂျယ်ယွန်း ထိုင်ခုံနားသို့ လှိမ့်ကျလာခဲ့သည် ။ 

" ကျေးဇူးပဲ "

သူ့ဘက်ရောက်လာတဲ့ ဂေါ်လီလေးကို အလိုက်တသိကောက်ပေးတဲ့ ဂျယ်ယွန်းက ဆောင်းဟွန်းရဲ့ ကျေးဇူးတင်စကားလေးကို မျက်ရည်တွေကြားက ဘာပြန်ပြောလိုက်မိသလဲတော့ မမှတ်မိ ။ 

မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ဟီးခနဲရယ်ပြခဲ့တဲ့ ဆောင်းဟွန်းက ထိုအချိန်က ဘာအတွက် ဒီလောက် ပျော်နေခဲ့သလဲဆိုတာ စဉ်းစားရခက်စေခဲ့တာ အမှန်ပင် ။ ကျောင်းတက်ရတာ ဘာများပျော်စရာရှိလို့လဲနော် ။ 

Daffodils never lieTempat cerita menjadi hidup. Temukan sekarang