Only my shadow knows

907 154 39
                                    

ဂျယ်ယွန်း ဆောင်းဟွန်းအိမ်က အမြန်ပြန်ထွက်လာခဲ့တာ ဆောင်းဟွန်းမေမေကိုပင် နှုတ်မဆက်နိုင်ခဲ့ ။ စိတ်လည်းဆိုးသည် ။ ဝမ်းနည်းပြီး မခံချင်စိတ်လည်းဖြစ်သည် ။ ရှက်လည်းရှက်မိသည် ။ 

သူတစ်ယောက်တည်းကပဲ ဒီဆက်ဆံရေးကို လိုတာထက်ပိုပြီး မျှော်လင့်ခဲ့မိတာလား ။ ဆောင်းဟွန်းဘက်က ရှေ့တိုးဖို့ မပြောနှင့် ၊ သူ့ထက်ဆိုင်ရင် တွေ့တာ တစ်နှစ်တောင်မရှိသေးတဲ့သူကို ဆောင်းဟွန်းက ရွေးချယ်ချင်နေခဲ့သည်လေ ။ ၁၀ နှစ်ကျော်နီးပါး တည်မြဲလာတဲ့ သံယောဇဉ်တွေက အရေးမပါတော့ဘူးထင်ပါရဲ့ ။ 

နှစ်လမ်းကျော်ပဲဝေးတဲ့ သူတို့ နှစ်ယောက်ရဲ့အိမ်က ဆောင်းဟွန်းအတွက်တော့ ခြေဦးလှည့်ဖို့တောင် မစဉ်းစားချင်လောက်အောင် ဝေးကွာလွန်းနေသလား ။ ဂျယ်ယွန်း သတိထားမိလာသည် ။ ဆောင်းဟွန်းဟာ ဘယ်အချိန်ကတည်းက သူနဲ့ ခပ်လှမ်းလှမ်းမှာနေချင်ခဲ့တာလဲ ။ 

ဒါဆိုလည်း ဘာလို့ ပွင့်ပွင့်လင်းလင်းမပြောဘဲ လူကို နာကျင်အောင် လုပ်နေရတာလဲ ။ အထင်မှားပြီး မျှော်လင့်ချက်တွေထားမိအောင် ဘာလို့များ... ? 

ဒါတွေအားလုံးကို ဆောင်းဟွန်းအပြစ်လို့ ပုံချချင်စိတ်မရှိပါ ။ သူတို့နှစ်ယောက်ကြားမှာ လွန်တဲ့သူတစ်ယောက်သာရှိနေခဲ့မယ်ဆိုရင် ၊ မှားနေတဲ့ သူတစ်ယောက်သာ ရှိနေခဲ့မယ်ဆိုရင် အဲ့ဒီလူက သူကိုယ်တိုင်ပဲဖြစ်ပါလိမ့်မည် ။ 

ဂျယ်ယွန်းမှာ အပြစ်ရှိပါသည် ။ သူငယ်ချင်းကို သူငယ်ချင်းထက် ပိုချစ်မိတဲ့အပြစ်က ဂျယ်ယွန်း ကျူးလွန်မိတဲ့ အကြီးမားဆုံး အမှားဖြစ်လောက်ပါသည် ။ 

တွေးရင်းနဲ့ ငိုချင်လာလို့ မျက်ရည်သုတ်လိုက် လမ်းဆက်လျှောက်လိုက်နှင့် သူ့အိမ်က ဘယ်လောက်မှမဝေးသော်လည်း မြန်မြန်ခရီးမရောက်နိုင် ။ ထိုစဉ် ဖုန်းဝင်လာ၍ ဆောင်းဟွန်းလို့ထင်ပြီး ပျော်သွားပေမဲ့ တကယ်တမ်းခေါ်ဆိုသူက အီဟီဆွန်း ဖြစ်နေခဲ့သည် ။ 

" အွန်း .. " 

ဖုန်းမကိုင်ဘဲ နေရင်လည်း ရပေမဲ့ အီဟီဆွန်းကိုလည်း သနားတာမို့ ဂျယ်ယွန်း ဖုန်းကိုင်လိုက်ပါသည် ။  အီဟီဆွန်း ပေါက်ကရတွေတော့ လာမပြောပါစေနဲ့ ။ 

Daffodils never lieDonde viven las historias. Descúbrelo ahora