" ချစ်တယ် " ဆိုတဲ့စကားက ပါးစပ်က မဖြစ်မနေထုတ်ပြောမှ ချစ်တယ်လို့ သတ်မှတ်နိုင်မှာလားဟင် ။ မြင်အောင်ကြည့်ပါ ၊ ငါ့မျက်လုံးတွေကို တစ်ချက်လောက် ဘာသာပြန်ကြည့်ပေးပါလား ။ ငါ့မျက်ဝန်းထဲမှာ မင်းကို ပြောမပြနိုင်အောင် ချစ်မြတ်နိုးကြောင်း နှလုံးသားက သက်သေပြပါလိမ့်မယ် ။ ဒါပေမဲ့ မင်းသိလား ဂျယ်ယွန်း.. မင်းကို ချစ်တယ်လို့ ငါ ဘယ်တော့မှ ထုတ်ပြောဖြစ်မယ်မထင်ဘူး ။
-------
အထက်တန်းကျောင်းသားဘဝမှသည် လူကြီးအဆင့်သို့ကူးပြောင်းရန် တက္ကသိုလ်တက်ရတော့မည့်အချိန်သို့ကျရောက်လာပြီမို့ ဆောင်းဟွန်း အလွန်စိတ်လှုပ်ရှားနေသည် ။ ဘဝ ရည်မှန်းချက်က ဘာဖြစ်ဖို့လဲ ဆိုတာတွေကို ဆောင်းဟွန်း လေးနက်စွာ မစဉ်းစားဖူးတာ သေချာသည် ။ သူစိတ်ဝင်စားတာက ဂိမ်းဆော့ဖို့လည်းမဟုတ်ပြန် ၊ ချမ်းချမ်းသာသာနေရဖို့လည်း မဟုတ် ။
အဖေက ပြောခဲ့တယ် ၊ စိတ်ဝင်စားတဲ့အရာကိုလုပ်မှ အောင်မြင်နိုင်မယ်တဲ့ ။ ရေရှည်လုပ်ရမဲ့အလုပ်က သားဖြစ်သူလုံးဝ စိတ်မပါတဲ့ အရာဖြစ်နေမှာမျိုးကို အဖေက မဖြစ်စေချင်ဘူး ။ ဆောင်းဟွန်း စဉ်းစားခဲ့တယ် ။ အကြိမ်ပေါင်းများစွာပဲ ။ ဆောင်းဟွန်းပျော်ခဲ့တာ ငယ်ငယ်ကကျောင်းတက်ရတဲ့အချိန်တွေလေ ။
ထပ်တိုးပြီး တွေးကြည့်ရင် တစ်စုံတစ်ယောက်ရှိနေတဲ့နေရာတိုင်းမှာ ဆောင်းဟွန်းပျော်ခဲ့ပါသည် ။ ဆောင်းဟွန်းမှာ ရည်ရွယ်ချက်ကြီးကြီးမားမားမရှိဘူး ။ ပျော်တဲ့နေရာမှာ ပျော်သလိုဆက်နေဖို့ပဲ စိတ်ကူးရှိခဲ့တာ ။
" ငါ အင်္ဂလိပ်စာ ဆရာဖြစ်နိုင်ရင် သိပ်ကောင်းမယ် ၊ ကလေးတွေကိုလည်း သင်ပေးချင်တယ် ကိုယ်တိုင်ကလည်း အင်္ဂလိပ်စာလုပ်နေရရင် လွတ်လပ်ပြီး ပျော်နေလို့ "
ဂျယ်ယွန်းရဲ့ အိပ်မက်က ရိုးရှင်းပါသည် ။ ဆောင်းဟွန်းရဲ့ အိပ်မက်ကလည်း ပိုလို့တောင်ရိုးရှင်းသည် ။ ဆောင်းဟွန်း ဆုံးဖြတ်ပြီးသားပဲ ၊ သူပျော်တဲ့နေရာမှာ ပျော်သလို ဆက်နေမှာပါလို့ ။
-
-
" မင်းနဲ့ငါ မေဂျာတူလို့ တော်သေးတာပေါ့ ဆောင်းဟွန်း .. ငါတို့က ငယ်ငယ်ကတည်းက ဘယ်အတန်းဖြစ်ဖြစ် အတူတူပဲ ။ အနည်းဆုံး မင်းရှိနေရင် ငါတစ်ယောက်တည်း အဆင်မပြေမဖြစ်တော့ဘူး "
YOU ARE READING
Daffodils never lie
Fanfiction희젴훈 Genre - Triangle , Youth love , Friend zone Protagonists preview - College students "It's just you and I, and no other guys We got no interruptions and we both feelin' the vibe Say I'm not your type But I know what's on your mind We can talk a...