Odd

1.1K 184 33
                                    

" သို့ ရှင်းမ်ဂျယ်ယွန်း 

           မင်းရဲ့ အပြုအမူ သေးသေးလေးကတောင် ကိုယ့်ကို ရင်ခုန်စေတယ် ။ မင်းသူငယ်ချင်းတွေကို အမှတ်မထင် ပြုံးပြလိုက်တဲ့ အချိန်မျိုး ၊ မင်းကြိုက်တဲ့ အစားအစာကို စားနေရတဲ့ အချိန်မျိုးတွေမှာလေ မင်းကို ကိုယ် တစိမ့်စိမ့်ငေးကြည့်ပြီး နှလုံးသားထဲမှာ သိမ်းထားချင်တယ်  " 

ဒီစာကို ဖတ်ပြီး ပြုံးစိစိမဖြစ်ဘူးလို့ ပြောရင် ဂျယ်ယွန်း ညာသလိုဖြစ်လိမ့်မည် ။ တစ်စောင်ထက်တစ်စောင် ပိုပြီး နက်နဲလာတဲ့ အဓိပ္ပါယ်တွေကြောင့် ဂျယ်ယွန်း ရင်မခုန်ရဘူးလို့ ပြောရင်လည်း ကိုယ့်ကိုယ်ကိုယ် လိမ်နေသလိုဖြစ်လိမ့်မည် ။ 

ဒီရက်ပိုင်း စားပွဲပေါ်မှာ မသပ်မရပ်ခေါက်ထားတဲ့ ထိုစာရွက်လေးတစ်ခုရှိနေဖို့ ဂျယ်ယွန်း မျှော်နေမိသလိုပင် ။ ထို့အတူ တူညီတဲ့ တုံ့ပြန်မှုကိုပဲ ပေးတဲ့ ဆောင်းဟွန်းက တကယ်ပဲ ဟန်ဆောင်ကောင်းလွန်းသည် ။ 

ဂျယ်ယွန်း အဲ့ ဒီ့ ရည်းစားစာနဲ့ မတူတဲ့ ရည်းစားစာတွေကို ဖွင့်ဖတ်တိုင်း ဆောင်းဟွန်းက မသိချင်ယောင်ဆောင်နေတတ်ပေမဲ့ တစ်ချက်တစ်ချက် ဝန်လေးနေတဲ့ပုံ ဖြစ်နေတတ်သည် ။ 

ပတ်ဆောင်းဟွန်းက လူကိုဘယ်လိုဖြစ်စေချင်တာလဲ ။ နှစ်အကြာကြီးပေါင်းလာတဲ့ သူငယ်ချင်းထက် အဆင့်ကျော်ပြီးတွေးစေချင်တာလား ။ ဘုရားရေ !! ဂျယ်ယွန်းက အခု ကောင်လေးတစ်ယောက်ဆီက ပထမဆုံး ရည်းစားစာတွေရဖူးနေတာပေါ့ ။ 

ဟိုဟို ဒီဒီ တွဲခဲ့သမျှ အတန်းဖော်မိန်းကလေးတိုင်းကို ဆောင်းဟွန်းလည်း သိနေတာပဲ ။ ဂျယ်ယွန်း ဘယ်သူ့ကို ဘာလက်ဆောင်ပေးဖူးတယ် ဆိုတာက အစ ဆောင်းဟွန်း သိသည် ။ သူကိုယ်တိုင်တောင် တစ်ခါတလေ လိုက်ဝယ်ပေးတာတွေ ရှိခဲ့သည် ။ ဒါကိုတောင် ဆောင်းဟွန်းက - ? 

ဘယ်လိုစိတ်နဲ့ ရေးတဲ့ စာတွေလဲ မသိပေမဲ့ ဂျယ်ယွန်း သဘောကျတာတော့ သေချာသည် ။ ဒီလိုနဲ့ ဂျယ်ယွန်းဟာ တဖြည်းဖြည်းနဲ့ ထိုရည်းစားစာတွေဆီကို ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ စိတ်ယိုင်နေမိပြီ ။  

Daffodils never lieWhere stories live. Discover now