Unconditionally

887 149 52
                                    

" ကိုယ် တစ်ယောက်တည်းဖြစ်နေလို့ လိုက်ခဲ့ပေးပါဦး "

" ကိုယ် တစ်ယောက်တည်း စားမကုန်လို့ အတူတူ ကူစားပေးပါဦး " 

" ကိုယ် တစ်ယောက်တည်း မသွားချင်ဘူး " 

"ကိုယ် တစ်ယောက်တည်း အဆင်မပြေလောက်ဘူး " 

" ကိုယ် တစ်ယောက်တည်း .. " 

" ကိုယ် တစ်ယောက်တည်း " 

ဂျယ်ယွန်း " တော်ပါတော့ !! " ဟု သံကုန်အော်ပစ်ချင်သည်အထိ အီဟီဆွန်းက လွန်လွန်းလာသည် ။ မွေးလာကတည်းက တစ်ယောက်တည်း မွေးလာတာပဲ မဟုတ်လား ။ သူတင်မဟုတ်ဘူး လူတိုင်းက တစ်ယောက်တည်းပဲ လူ့လောကထဲကို စရောက်လာခဲ့တာမဟုတ်ဘူးလား ။ အမြွှာတွေကလွဲလို့ပေါ့ ။ 

အီဟီဆွန်း ဆိုတဲ့ နတ်ဆိုးလိုလူဟာ အရေးအကြောင်း မရှိဘဲ အသေးအဖွဲလေးကအစ ဖုန်းဆက်ပြောတတ်ပြီး " ကိုယ် တစ်ယောက်တည်း " ဆိုတဲ့ စကားလုံးလေးတွေနဲ့ ဂျယ်ယွန်းကို အနိုင်ပိုင်းကာ ဒုက္ခပေးတာ များလာသည် ။ 

ကျောင်းကန်တင်းသွားတာကအစ ၊ အတန်းချိန်တွေပြီးလို့ ကျောင်းအပြန်တောင်မှ ဆိုင်ကယ်တကားကားနဲ့ရှေ့ကနေ သူသွားတဲ့နေရာလိုက်ခဲ့ဖို့ ခေါ်တတ်သေးသည် ။ 

အခုလည်းပဲ သူက ကန်တင်းထဲသို့ အလျင်စလိုဝင်လာသည် ။ ထို့နောက် ဂျယ်ယွန်းရှိတဲ့နေရာကိုတည့်တည့်မတ်မတ်လျှောက်လာတာသေချာနေပြီ ။ လက်ထဲမှာလည်းတစ်ခုခုကိုင်ထားပြီး သူ့ကို ရယ်ကျဲကျဲ ကြည့်နေပုံထောက်ရင် ဘယ်သွားဖို့ လာခေါ်ပြန်တာလဲ မသိပေ ။ ဂျယ်ယွန်း ကြိုတင် ဘုရား တ , ထားမိသည် ။ 

"ကိုယ် တစ်ယောက်တည်း ရုပ်ရှင် ticket နောက်တစ်ခု ပိုဝယ်မိလို့ " 

" ခင်ဗျားအတွက် ရပြီးတာတောင် ရှင်းဂျယ်ယွန်းကို ဒုက္ခပေးဖို့အတွက်ဆိုပြီးတမင်သက်သက် နောက်တစ်ခု ထပ်ဝယ်ခဲ့တာ မဟုတ်ဘူးလား " 

" လိုက်ခဲ့ပါဦးနော် ဂျယ်ယွန်း မဟုတ်ရင် ကိုယ် " 

" ကိုယ် တစ်ယောက်တည်း ဖြစ်နေလိမ့်မယ် " 

ထိုလူ ပါးစပ်ဟလိုက်တာနဲ့ ပြောနေကြ စကားကို ဂျယ်ယွန်း အလွတ်ပင်ရနေပြီ ။ အသည်းကွဲတာက နည်းနည်း အလေလိုက်တာက ခပ်များများရယ်ပါ ။ ဒါတွေက ဂျန်းမီရှိရင်တောင် လုပ်ဖြစ်မဲ့အရာတွေ မဟုတ် ။ ဂျန်းမီနဲ့ ဒိတ်ရင် သူတို့ နှစ်ယောက်အများဆုံးတွေ့မဲ့နေရာက ဘား နဲ့ ကလပ် သာ ဖြစ်နေလောက်သည် ။ 

Daffodils never lieWhere stories live. Discover now