Flashback
" အစ်ကိုနဲ့သူ့ကို ကျွန်တော် မိတ်ဆက်ပေးရမလား "
ဆောင်းဟွန်း မဝံ့မရဲမေးလိုက်သည် ။ အစ်ကိုက နာမည်ထည့်မပြောရင်တောင် သူတို့နှစ်ယောက်အပြင် တခြားတစ်ယောက်ရဲ့ နာမ်စားလေးကို ကြားလိုက်တာနဲ့ မျက်နှာတစ်ခုလုံး လင်းထိန်လာသည် ။
" အစ်ကိုက သူနဲ့ အဲ့လိုမျိုး မသိချင်ဘူးကွာ .. ပုံမှန် ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ တစ်ခါတည်း အာရုံစိုက်မိစေလောက်မဲ့ ပုံစံမျိုးနဲ့ သူ့ဆီကို သွားချင်တယ် "
" ကျွန်တော်နဲ့ အစ်ကိုက ညီအစ်ကိုတစ်ဝမ်းကွဲဆိုတာ သူ့ကို ပေးမသိစေချင်ဘူးလား "
" အဲသဘောပေါ့ ။ မင်း မျက်နှာနဲ့ ကိုယ့်ကို အားနာနေရရင် ကိုယ်က သူ့စိတ်ကို ဘယ်လိုလုပ်သေချာသိနိုင်မလဲ လူမှုရေးအရ သူငယ်ချင်းရဲ့အစ်ကိုတစ်ယောက်လို ဆက်ဆံတာကိုပဲ ခံရလိမ့်မယ် ဆောင်းဟွန်း ။ အစ်ကို အဲ့လိုမျိုး မဖြစ်ချင်ဘူး "
ဆောင်းဟွန်း အစ်ကိုဟီဆွန်းကို စိတ်ထဲက အားကျမိသည် ။ အစ်ကိုက သူဘာဖြစ်ချင်တာလဲ ဆိုတာ သေချာသိပြီး ဂျယ်ယွန်း အနားကို အကောင်းဆုံး ပုံစံမျိုးနဲ့ချဉ်းကပ်ဖို့ ကြိုးစားနေသည်လေ ။ ဆောင်းဟွန်းကတော့ ကိုယ့်စိတ်ကိုယ် နားမလည်သလို အခုချိန်မှာ နားလည်ဖို့လည်း ကြိုးစားချင်စိတ်လည်းမရှိ ။
ဂျယ်ယွန်းအပေါ်ထားတဲ့ သူ့ရဲ့ ခံစားချက်က သာမန် ပဟေဠိ တစ်ခုပါပဲ ၊ အဲ့တာထက် ပိုနေမယ်ဆိုရင်တောင် အဖြေက ရှင်းပါတယ် ၊ ဆောင်းဟွန်းက ဒီနေရာမှာပဲ ရပ်နေဖို့ ဆုံးဖြတ်လိုက်ပြီးသား ။
" ကျွန်တော် အစ်ကို့ အစား သူ့ကို ရည်းစားစာတွေပို့ပေးမယ်လေ "
" အာ .. အဲ့တာက ကောင်းပါ့မလား ၊ သူ သဘောကျပါ့မလား "
" သူ့ကို ဖွင့်ပြောတဲ့အချိန်ကျမှ အဲ့ဒီ့စာတွေက အစ်ကိုပါ ဆိုတာ ဝန်ခံလိုက်ပေါ့ ၊ အဲ့တာမျိုးဆို ဂျယ်ယွန်း ကျိန်းသေပေါက် လက်ခံမှာပဲ "
ဆောင်းဟွန်းရဲ့ စကားကို အလေးအနက် စဉ်းစားနေတဲ့ ဟီဆွန်းက ခေါင်းတညိမ့်ညိမ့်လုပ်နေသည် ။ တစ်ဖက်မှာ ဆောင်းဟွန်း စိတ်တွေ ပိုလေးသွားသည် ။ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက်တွဲဖူးတဲ့ အစ်ကိုဟာ ဂျယ်ယွန်းကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စသိပြီး မြင်မြင်ချင်း သဘောကျသွားတယ်ဆိုတဲ့ ကိစ္စကို ဆောင်းဟွန်း ယုံဖို့ ခဲယဉ်းနေဆဲ ။
YOU ARE READING
Daffodils never lie
Fanfiction희젴훈 Genre - Triangle , Youth love , Friend zone Protagonists preview - College students "It's just you and I, and no other guys We got no interruptions and we both feelin' the vibe Say I'm not your type But I know what's on your mind We can talk a...