Always I'll care

987 154 32
                                    

" ဆောင်းဟွန်းက ဘယ်ရောက်သွားပြန်တာလဲ " 

ဆောင်းဟွန်းအခုတလော အတန်းချိန်မမှန်ဖြစ်နေတာကို ဂျယ်ယွန်း သတိထားမိသည် ။ သို့သော် ဆောင်းဟွန်းကိုလည်းသွားမေးဖို့ မအားတဲ့အပြင် သူကိုယ်တိုင်တောင် အတန်းချိန်မမှန်ပါဘဲ သူများအရေးကို ဦးစားပေးပြီး အချိန်ပေးနေရသည်လေ ။ 

" ဆောင်းဟွန်းက မနေ့ညက ငါ့အိမ်မှာအိပ်တာ ဂိမ်းဆော့ရင်း ညနက်သွားလို့ " 

" ထပ်ပြီးတော့လား " 

ဂျေးက အိပ်ချင်မူးတူးနဲ့ ဖြေပေမဲ့ ဂျယ်ယွန်း လွယ်လွယ်နဲ့ လက်မခံချင် ။ ဒီတစ်ပတ်အတွင်း ဆောင်းဟွန်းက ဂျေးနဲ့ ပိုပြီး အတူတူရှိနေတာကို ဂျယ်ယွန်း သိပါသည် ။ သူတို့ နှစ်ယောက်က ဝါသနာလည်းတူ ၊ အကျင့်တွေတော်တော်များများလည်း တူတာမို့ တဖြည်းဖြည်းပိုခင်လာကြပုံပေါ်သည် ။ 

ဂျယ်ယွန်း မျက်မှောင်ကြုံ့ကာ ဆောင်းဟွန်းကို ဖုန်းခေါ်ကြည့်သည် ။ ဆက်သွယ်မှုဧရိယာပြင်ပ ဆိုတဲ့ အလိုအလျောက် ဖြေဆိုမှုကို ကြားနေရတာ ဒီနေ့နဲ့ဆို ၇ ကြိမ်မြောက် ။ 

ဂျယ်ယွန်း စိတ်ထင်သလားတော့ သေချာမသိပေမဲ့ ဆောင်းဟွန်းနဲ့ ဝေးနေသလိုခံစားရသည် ။ ကျောင်းမှာလည်း အတန်းချိန်တူနေရက်နှင့် ဂျယ်ယွန်းရှိတဲ့အချိန်ဆို ဆောင်းဟွန်းကို မတွေ့ရဘဲ ဆောင်းဟွန်း ကျောင်းလာတဲ့အချိန်ဆို ဂျယ်ယွန်းမအားတဲ့အချိန်ဖြစ်နေတတ်သည် ။ 

ခုံပေါ်မှာ စက္ကူခေါက်ကလေးတွေလည်း မတွေ့ရတော့သလို ပိုင်ရှင်ဖြစ်သူကိုလည်း ရံဖန်ရံခါမှ မျက်နှာမြင်ရသည် ။ တစ်ပတ်အတွင်း ဘာတွေများပြောင်းလဲသွားသလဲ ။ သူများအတွက် မသိသာပေမဲ့ ဂျယ်ယွန်းရင်ထဲတွင် ဟာ နေတာတော့အမှန်ပင် ။ 

" ဂျန်းမီကတော့ တကယ် ဂျန်းမီပဲ  မင်းတို့ရဲ့ မဟူရာ ကိုကို ထက်တောင် ခြေသွက်သေးတယ် " 

ကော်ရစ်တာကနေ အရှိန်နဲ့ ပြေးဝင်လာတဲ့ ကောင်လေး နှစ်ယောက် အတန်းထဲက မိန်းကလေး နှစ်ယောက်ကိုအော်ပြောသည် ။ နှစ်ယောက်လုံးနဲ့ သက်ဆိုင်နေတာမို့ ဂျယ်ယွန်းပါ လှည့်ကြည့်လိုက်သောအခါ ထိုကောင်လေးနှစ်ယောက်က ကျေနပ်စွာ ပြုံးနေသည် ။ 

Daffodils never lieDonde viven las historias. Descúbrelo ahora