" မင်းက ကိုယ်နဲ့ပက်သက်သမျှကို မကောင်းမြင်နေတာပဲ ၊ ကောက်ချက်ချမစောပါနဲ့လား မင်းပြောနေတာတွေ တစ်ခုမှမဟုတ်ဘူး "
" ကျွန်မက မကောင်းမြင်နေတယ်ပေါ့ .. ရှင်က ရှင့်သားကြီးအရွယ်ကောင်မလေးနဲ့ အီစီကလီတွေလုပ်နေတာကို မှန်တယ်လို့ ထင်နေတာလား ။ ရှက်စရာကောင်းလိုက်တာ ကျွန်မတို့က တရားဝင် ပက်သက်နေသေးတယ်ဆိုတာ မေ့နေပြီလား အဲ့လောက်လွတ်လပ်ချင်ရင် ကွာရှင်းပေးလိုက် "
" မင်း !! "
ဟီဆွန်း ထိုမြင်ကွင်းကို ခံစားချက်မဲ့စွာ ကြည့်နေလိုက်သည် ။ အဖေနဲ့အမေက ငယ်ငယ်ကတည်းက အချိန်ရရင် ရသလို တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင်နေကြတာ တစ်အိမ်လုံးအသိပင် ။ ပြဿနာ အားလုံးနီးပါးက မေမေက စတယ် ဆိုတာလည်း ခန့်မှန်းစရာတောင်မလို ။
ဟီဆွန်းကိုမြင်တော့ ဖေဖေက ဘာမှဆက်မပြောဘဲ ရပ်လိုက်ပေမဲ့ မေမေကတော့ ဘာကိုမှဂရုမစိုက်ဟန်ဖြင့် စားပွဲပေါ်က ပစ္စည်းတွေအားလုံးကို တိုက်ချပစ်သည် ။ ဖေဖေ ဂျပန်က အမြတ်တနိုးဝယ်လာတဲ့ စားပွဲတင်ပန်းအိုးလေးကလည်း ကြမ်းပြင်ပေါ်မှာ အစိတ်စိတ်အမြွှာမြွှာပြန့်ကျဲလျက် ။
အဲ့ဒီ့ပန်းအိုးလေးက မေမေ့အတွက်ရည်ရွယ်ခဲ့တဲ့ လက်ဆောင်လေးဖြစ်ပြီး မေမေလည်း သဘောကျခဲ့ပါသည် ။ ဖေဖေကတော့ သူ့နှလုံးသားတစ်ခုလုံး ထိုပန်းအိုးလေးအတိုင်း ကြေမွသွားသလိုမျိုး သူချစ်တဲ့ အမျိုးသမီးကြောင့် မျက်ရည်ကျနေခဲ့သည် ။
" တောင်းပန်ပါတယ် လန့်သွားတယ်မလား ကိုယ်ကတော့ ရိုးနေပြီ "
ဒီမြင်ကွင်းကို သူတစ်ယောက်တည်းမြင်ခဲ့တာဆိုရင်တော့ ဟီဆွန်း စိတ်ရှုပ်လွန်းလို့ တစ်ခုခု လုပ်ပစ်လိုက်မိမှာ အမှန်ပင် ။ ရန်ဖြစ်နေတဲ့သူတွေကို ဝင်မဆွဲဘဲ သူပါ အိမ်ထဲကပစ္စည်းတွေအကုန်လုံးကို ဖေဖေ့ဂေါက်ရိုက်တံနဲ့အကုန်ကျိုးကြေနေအောင် ဖျက်ဆီးမိလောက်သည် ။ ဒါပေမဲ့ ဘေးမှာ ဂျယ်ယွန်းဆိုတဲ့ ဟီဆွန်းရဲ့ အားနည်းချက်လေးရှိနေခဲ့သည် ။
" ကျွန်တော် .. ဘာမှမမြင်ခဲ့ပါဘူး "
အိမ်ပြင်ရောက်တော့ ပြာပြာသလဲ ငြင်းနေရှာတဲ့ ဂျယ်ယွန်းက သူ့ကို တစ်ဖန်အားနာနေပုံရသည် ။ ဧည့်ဝတ်မကျေတဲ့ အိမ်ရှင်က အားနာရမယ့်အစား ဂျယ်ယွန်းက ပိုပြီး နေရခက်နေသည့်ပုံပါလား ။ ဟီဆွန်းအတွက် သောကြာနေ့ တစ်မနက်ခင်းလုံး ပျော်စရာကောင်းနေခဲ့သော်လည်း အိမ်မှာ စိတ်ညစ်စရာတွေက စောင့်ကြိုနေခဲ့သည် ။
YOU ARE READING
Daffodils never lie
Fanfiction희젴훈 Genre - Triangle , Youth love , Friend zone Protagonists preview - College students "It's just you and I, and no other guys We got no interruptions and we both feelin' the vibe Say I'm not your type But I know what's on your mind We can talk a...