I will go to you like the first snow

900 160 16
                                    


" လူနာ အီဟီ .. " 

" ရှူး !! " 


ဟီဆွန်း နှုတ်ခမ်းနားသို့ လက်ညှိုးတေ့ကာ အမြန်တားဆီးလိုက်တော့ သူနာပြုဆရာမလေးက တိတ်တိတ်လေးတံခါးပြန်ပိတ်ကာ ထွက်သွားသည် ။ သူ့အရေးထက် ဆေးရုံခန်းထဲက ဆိုဖာပေါ်မှာ မှေးခနဲ အိပ်ပျော်နေသော ဂျယ်ယွန်း နိုးသွားမှာကို ပိုစိုးရိမ်သည် ။ 

သူတောင် အသံမထွက်အောင် ကောင်လေးဘေးမှာငြိမ်ငြိမ်လေးလာထိုင်နေရသည်လေ ။ ဂျယ်ယွန်းငယ်ရဲ့မျက်နှာလေးကို စိတ်တိုင်းကျကြည့်နေခွင့်ရှိတဲ့ ရတောင့်ရခဲ အဖိုးတန်အချိန်လေးမို့ ညအိပ်ချိန်ရောက်နေလည်း အိပ်ချင်စိတ်မရှိ ။ 

ခေါင်းဒဏ်ရာက ချုပ်ရိုးကြောင့် အရင်လို လှုပ်ရှားလို့မရတာက လွဲပြီး စိုးရိမ်စရာမရှိပေ ။ မနက်က မတော်တဆ ဖြစ်ပြီးပြီးချင်း ကိုယ်လက် မအီမသာဖြစ်ပေမဲ့ တစ်နေကုန် ဆေးရုံကုတင်မှာလှဲနေရတာနဲ့တင် ညရောက်တော့ ဘယ်လိုမှတောင်မခံစားရတော့ဘဲ အရင်လို ပုံမှန်အတိုင်း ကျန်းမာပါသည် ။ 

ဂျယ်ယွန်း ဒီလို ဆေးရုံလာစောင့်ပေးမလား လို့တွေးပြီး အရဲစွန့်ကာ ဆေးရုံမှာ ပေတေနေခဲ့တာ အကျိုးတော့ မယုတ်ခဲ့ပါ ။ တကယ်လည်း ကောင်လေးက တစ်နေကုန် သူ့ဘေးကနေ မခွာဘူးဟုသိရတော့ ဆေးရုံမှာနေ့တိုင်းတောင် နေချင်ပါသေးသည် ။ 


" တစ်ညလုံး ဒီလိုပဲ ထိုင်ကြည့်နေမှထင်တယ် .. ကိုယ့် ဂျယ်ယွန်းက ချစ်စရာလေးမို့ " 


ကောင်လေးတစ်ယောက်က အိပ်နေရင်းနဲ့လည်း ဒီလို ချစ်ဖို့ကောင်းနိုင်ရသလား ။ အခုနက သူနာပြုဆရာမလေးရော ဂျယ်ယွန်းကို မြင်သွားသေးလားမသိဘူး ။ သူများမြင်သွားမှာကိုတောင် သဝန်တိုချင်စရာကောင်းသည်အထိ ချစ်ရတဲ့ ကောင်လေးမို့ ဖြစ်နိုင်ရင် သူတစ်ယောက်တည်းသာ တွေ့နိုင်တဲ့ ကမ္ဘာငယ်လေးထဲတွင် ဝှက်ထားလိုက်ချင်သည် ။ 

အညိုဖျော့ရောင်ဆံနွယ်အိအိလေးတွေ မျက်နှာပေါ်ဝဲကျနေပြီး ဆေးရုံခန်းရဲ့ မှိန်ပျပျမီးရောင်အောက်မှာ ဂျယ်ယွန်းရဲ့ မျက်နှာလေးဟာ ဘယ်ပန်းချီမှတောင် ရေးလို့ မမီအောင် ဆွဲဆောင်မှုရှိသည် ။ ဟီဆွန်းဖြင့် တစိမ့်စိမ့်ကြည့်ရင်း အချိန်စက္ကန့်ပေါင်းများစွာ ကျော်လွန်သွားသည့်တိုင် ငေးကြည့်လို့မဝပေ ။ 

Daffodils never lieWhere stories live. Discover now