Moral of the Story

946 149 51
                                    

သုံးရက်ကြာပြီးသည့်တိုင် ဂျယ်ယွန်းနဲ့ သူ အဆက်အသွယ်မရသေးပါ ။ ဆေးရုံဆင်းတဲ့နေ့ကစပြီး ကျောင်းကိုလည်း မလာတော့ချေ ။ ဒီနေ့လေးကိုရောက်လာဖို့ ဟီဆွန်း စောင့်နေခဲ့ရတာ ကြာပြီ ။ ဂနာမငြိမ်ဖြစ်နေကာ စာကိုလည်း အာရုံမစိုက်နိုင်တော့တာမို့ ဂျယ်ယွန်းဆီက မတ်ဆေ့ချ်လေးများ ဝင်လာမလား ဆိုပြီး ဖုန်းကို ခဏခဏ ဖွင့်ကြည့်နေမိသည် ။ 


** ကျွန်တော်တို့ မနက်ဖြန်မှ တွေ့ရအောင် ။ နေ့လယ် ၁ နာရီလောက် ကျွန်တော်ခင်ဗျား အိမ်ကို လာခဲ့မယ် ** 


မျှော်လင့်ထားသလို စာလေးတစ်စောင်ဝင်လာခဲ့သော်လည်း စောင့်ရမယ့် အချိန် နောက်တစ်ရက် ထပ်တိုးခဲ့ပြန်သည် ။ ဟီဆွန်း ဖုန်းကိုပြန်ပိတ်လိုက်သည် ။ ဒီအတန်းချိန်ပြီးရင်တော့ ဂျယ်ယွန်းဆီ ဖုန်းတစ်ခါလောက်ခေါ်ကြည့်ရမည် ။ ကောင်လေးရဲ့ အသံကို မကြားရတာ သုံးရက်တောင်ရှိပြီဆိုတော့ ဟီဆွန်းမှာ ဘာလိုအပ်လို့ လိုအပ်နေမှန်းမသိ ။ 


" ဘာလို့ ကျောင်းမတက်တာလဲ ဘာအဆင်မပြေတာများရှိလို့လဲ " 


အတန်းချိန်တွင် စိတ်ဖိစီးမှုတွေတိုးလာပြီး စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေသည် ။ သူ ဒီလိုဘဲ ဆက်ဖြစ်နေမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိသည် ။ ဂျယ်ယွန်းကို ပိုင်ဆိုင်ခွင့်မရသေးသ၍ စိတ်အေးနိုင်မှာမဟုတ်ဘူး ။ ဟီဆွန်းအတွက်တော့ ဂျယ်ယွန်းက ကမ္ဘာကြီး တစ်ခုလုံး ဖြစ်နေခဲ့တာ ။ 


🖤🖤


" မင်း ကျောင်းမတက်ဘူးလား ဂျုံဆောင်း " 

" မင်းမနေ့ညက မူးပြီး ငါ့တိုက်ခန်းရောက်လာတာ ဆိုတော့ နိုးလာရင် မူးမူးရူးရူးနဲ့ ငါ့အိမ်ကို တစ်ခုခုလုပ်ပစ်မှာစိုးလို့လေ ကျောင်းမသွားရဲဘူး " 


ဆောင်းဟွန်း မျက်လုံးသေချာမပွင့်သေးဘဲ အိပ်ချင်မူးတူးနှင့် ရယ်ပြလိုက်ရသည် ။ ညကသတိရသလောက်တော့ ဆိုဂျူသောက်ပြီး ဂျုံဆောင်းအိမ်ကို ရောက်လာခဲ့သည် ။ အိမ်ကိုပြန်ရင် မေမေက သူ့ကိုမေးခွန်းများစွာမေးပြီး ဆူမှာစိုးလို့ ဂျုံဆောင်း တိုက်ခန်းက အန္တရာယ်အကင်းဆုံး ဖြစ်သည် ။ 

Daffodils never lieWhere stories live. Discover now