Consequences

835 143 24
                                    

ဒီနေ့ဟာ ဗုဒ္ဓဟူးနေ့ ။

တစ်ပတ်လုံးမှာ တစ်ရက်တည်းရှိတဲ့ အတန်းအစောဆုံးဆင်းတဲ့နေ့ဖြစ်တာမို့ ဗုဒ္ဓဟူးနေ့တိုင်း တစ်ခန်းလုံး အတက်ကြွဆုံး ဖြစ်သည် ။

သူ့ရှေ့ခုံမှာ လွတ်နေတာကို မြင်တော့ ဆောင်းဟွန်း စိတ်ထဲတွင် ဟာတာတာဖြစ်နေသည် ။ ဂျယ်ယွန်းက မနေ့ကစပြီး ရှေ့ဆုံးတန်းက လွတ်နေတဲ့နေရာမှာပြောင်းထိုင်သည် ။ သူ့ရှေ့က ခုံတန်းလေးခမျာ အခုချိန်မှာတော့ ပိုင်ရှင်မဲ့ နေရာငယ်လေး အဖြစ်အထီးကျန်စွာ ရှိနေသည် ။

"အဲ့နားက နေထိုးတော့ ပူနေမှာပေါ့ ။ ပူရင် စိတ်ရှုပ်ပြီး ဘာမှအာရုံစိုက်လို့မရမှန်း ကိုယ့်ကိုယ်ကိုယ် သိရက်နဲ့ "

ခပ်တိုးတိုးညည်းညူရပြန်သည် ။ စိတ်ပူရပြန်သည် ။ လျစ်လျူရှုဖို့ ဆိုတာ ဆောင်းဟွန်းအတွက် ခက်ခဲလွန်းပါသည် ။ အထူးသဖြင့် ရှင်းမ်ဂျယ်ယွန်းနဲ့ပက်သက်သမျှသာဆို ဘယ်လို ကိစ္စသေးသေးလေးမဆို ဆောင်းဟွန်းအာရုံထဲတွင် အချိန်ပြည့် စိုးမိုးထားသည် ။

တစ်နေကုန် သင်သမျှသင်ခန်းစာတွေကလည်း ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသည် ။ နောက်ဆုံးတန်းကနေ ရှေ့ တမျှော်တခေါ်ကြီးကို မသိမသာလှမ်းကြည့်ရင်း နေပူထဲက ဂျယ်ယွန်းကိုမြင်တိုင်း ရင်ပူနေရတာ နှစ်ရက်ရှိပြီ ။

ဂျယ်ယွန်း ထိုင်နေတဲ့ခုံနေရာက နေတည့်တည့်ထိုးတဲ့နေရာမို့ ပူလွန်းလို့ ဘယ်သူမှ မထိုင်ဘဲ ဖယ်ထားတဲ့နေရာဖြစ်သည် ။ အဲ့နားမှာလည်း ပြတင်းပေါက်ကနေ လေပူတွေ တိုက်တော့ ပိုဆိုးကုန်တော့မှာပေါ့ ။

အတန်းဆင်းတာနဲ့ ဆောင်းဟွန်း ဘယ်လိုမှ မနေနိုင် ။ အခန်းထဲက ထွက်ဖို့ တာဆူနေကြတဲ့ လူအုပ်ကြားထဲကနေ တိုးဝှေ့ပြီး ရှေ့ခုံကို ရောက်လာရသည် ။

သူ့ကိုမြင်တော့ ဂျယ်ယွန်းက မမြင်ချင်ယောင်ဆောင်ပါသည် ။ ဒီအတိုင်း ဖြတ်သွားဖြတ်လာကို မြင်လိုက်ရသလိုမျိုး မျက်နှာလွှဲသွားသည် ။ ရင်ထဲ စူးခနဲ ဖြစ်သွားပေမဲ့ ဆောင်းဟွန်းမှာ အထွန့်တက်ခွင့်လည်းမရှိတော့တာ အမှန်ပင် ။

" နောက်နေ့ အရင်နေရာမှာပဲ ပြန်လာထိုင်ပါလား .. ငါ ဂျုံဆောင်းဘေးကို သွားထိုင်ပေးပါ့မယ် ၊ မင်းငါရှိနေလို့ အဆင်မပြေဖြစ်ရင် "

Daffodils never lieWhere stories live. Discover now