If

856 144 36
                                    

" သဝန်တိုတာက လူကို တော်တော်ပူလောင်စေတာပဲ မေမေ " 


ဒီနေ့ မေမေ အိမ်ကိုစောစောပြန်ရောက်နေသည် ။ ကော်ဖီတစ်ခွက်နဲ့ သူမရဲ့ အလုပ်ခုံလေးတွင် စနစ်တကျနေရာယူပြီး အလုပ်တွေကို လက်စသတ်နေပုံပေါ်သည် ။ ဟီဆွန်းဆီမှာ ကော့တေးနံ့ခပ်ပါးပါးရှိနေပေမဲ့ မေမေက ဆူတတ်တဲ့သူမဟုတ်လို့ ရီဝေဝေပုံစံဖြင့် စကားပြောဖို့လည်း ဝန်မလေးခဲ့ ။ 


" ဘာဖြစ်လာလို့လဲ သားငယ်လေး ။ သဝန်တိုတာ ဘာလို့ဖြစ်လဲ ဆိုတာရော သိရဲ့လား ဟီဆွန်း " 

" ကျွန်တော်ကပဲ စိတ်သဘောထား သေးသိမ်နေလို့လား " 

" မဟုတ်တာပဲ ဟီဆွန်းရယ် ၊ အဲ့တာ ချစ်လို့ဖြစ်တာပဲ .. မချစ်ရင် သဝန်လည်းမတိုဘူး ။ ဂရုလည်းမစိုက်ဘူး " 

"  ဖေဖေ့ကို ဂရုမစိုက်သလိုမျိုးလား " 


ဆိုလိုရင်းက ဒါမဟုတ်ပေမဲ့ ဟီဆွန်း စိတ်မကြည်တဲ့အချိန်မို့ မေမေ့ကို ပြဿနာရှာချင်နေသည် ။ ကော့တေးတစ်ခွက်လောက်နဲ့ အီဟီဆွန်းဆိုတဲ့လူ အသိစိတ်လွတ်ဖို့ဆိုတာ မဖြစ်နိုင် ။ ဒါပေမဲ့ ဟီဆွန်း စိတ်ဆိုးနေသည် ။ ဒေါသက ဘယ်ကပေါ်လာလဲ ဆိုတာ သိသိရက်နဲ့ ဆက်မတွေးချင်တာမို့ မေမေ့အပေါ် ပုံချမိသည် ။ 

" မဆိုင်တာလိုက်တာ  " 

" မေမေသာ သူ့ကို ချစ်ရင် သဝန်မတိုရင်တောင် ဂရုတော့စိုက်ရမယ်လေ .. ဂရုမစိုက်ရင်တောင် ဖေဖေ့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်တော့ပြုပေးသင့်တာ ။ အသိအမှတ်မပြုပေးရင်လည်း မုန်းမနေသင့်ဘူး  " 

" မေမေ သူ့ကို မမုန်းပါဘူး သားငယ်ရယ် " 

" အဲ့တာဆို ဘာလို့ မချစ်နိုင်ရတာလဲ ။ မချစ်တာကို ဘာလို့ လက်ထပ်ခဲ့သေးလဲ ။ မေမေက သိပ်ကို အတ္တကြီးတဲ့သူပဲနော် .. ကိုယ့်ကို ချစ်မှန်းသိလို့ ဖေဖေ့ကို အသုံးချခဲ့တာမလား " 

" ဘာမှနားမလည်ဘဲ မေမေ့ကို ပြဿနာ မရှာနဲ့တော့ ဟီဆွန်း ။ စောစောပြန်ရောက်လာရင်လည်း နားလိုက်တော့ မေမေအလုပ်တွေမပြီးသေးဘူး .. မင်းနဲ့ စကားနိုင်မလုချင်ဘူး " 

Daffodils never lieWhere stories live. Discover now