" အဆင်ပြေရဲ့လား ခင်ဗျားရယ် .. ကျွန်တော်ဖြင့် လန့်သွားတာပဲ မတော်တဆဖြစ်တယ်ဆိုတော့ "
အရေးပေါ်ခန်းကို အရှိန်နဲ့ပြေးဝင်လာပြီး " ကားမတော်တဆလူနာ အီဟီဆွန်း " ဆိုတဲ့ နာမည်ကို အော်မေးရင်း အလျင်လိုနေပုံရတဲ့ကောင်လေးဟာ သူ့ကို စိတ်ပူနေသည့်ပုံ ။
ခေါင်းမှာ ပက်တီးအဖွေးသားဖြင့် ပြုံးဖြီးပြတဲ့ ဟီဆွန်းကို ဂျယ်ယွန်း စိတ်မရှည်သလိုကြည့်ကာ ခေါင်းအစခြေအဆုံး ထိခိုက်ထားတဲ့နေရာ ရှိ ၊ မရှိ အကဲခတ်နေသည် ။
စနေနေ့မနက်မှာ ဂျယ်ယွန်းနဲ့ ချိန်းထားတာလေး နောက်ကျနေတဲ့အချိန် ဟီဆွန်းကားကို နောက်ကနေ တည်တည့်ဝင်တိုးတဲ့ တက်စီဦးလေးကြီးကိုတောင် ကျေးဇူးတင်ရတော့မလို ။ ကားနောက်ပိုင်းနည်းနည်းထိသွားပြီး ခေါင်းနဲ့ car steering wheel ဆောင့်မိကာ နှစ်ချက်ချုပ်လိုက်ရပေမဲ့ ဦးလေးကြီးကို အပြစ်မတင်ဘဲ ပြန်လွှတ်ပေးလိုက်တဲ့ အကျိုးသက်ရောက်မှုလေးတွေပေါ့ ။
ခေါင်းပက်တီးကို သေချာကြည့်ကာ စိတ်လှုပ်ရှားနေတဲ့ ဂျယ်ယွန်းငယ်က ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ ။ ဒီလောက်ဆို သူ့ကို စိတ်ပူနေတယ်လို့ သတ်မှတ်လို့ရတယ်မဟုတ်လား ။ ထိခိုက်ဒဏ်ရာရလိုက်ပေမဲ့ "ချစ်ရတဲ့ အပြာရောင် bear လေး ဂျယ်ယွန်းက သူ့ကို စိတ်ပူနေတယ်" ဆိုပြီး ဟီဆွန်း ပျော်ပျော်ကြီး သတ်မှတ်လိုက်လို့ရတယ် မဟုတ်လား ။
" VIP room ရပါပြီရှင့် လူနာအီဟီဆွန်း ကို အခန်းပြောင်းပေးပါမယ်နော် "
သူနာပြုဆရာမလေးရဲ့ စကားကြောင့် ဂျယ်ယွန်း ကြောင်သွားသည် ။ အီဟီဆွန်းရဲ့ ခေါင်းဒဏ်ရာက သူ ငယ်ငယ်က အဆော့လွန်ပြီး စက်ဘီးမှောက်တဲ့ ဒဏ်ရာလောက်တောင်မဆိုးသေးပါဘူး ။ VIP room အထိသွားဖို့ လိုအပ်လို့လား ။
" ခင်ဗျား ဆေးရုံတက်မှာလို့တော့ မပြောနဲ့နော် "
" ကိုယ် ဆေးရုံတက်ဖို့ booking လုပ်ထားပြီးပြီ "
" ခင်ဗျားဒဏ်ရာက တစ်ရက်လောက် ငြိမ်နေရင်ရပြီ ။ ဒီနေ့ပဲ accident ဖြစ်လို့ နှစ်ချက်ချုပ်ထားရတာ ဒီနေ့တော့ club မတက်နဲ့ပေါ့ "
YOU ARE READING
Daffodils never lie
Fanfiction희젴훈 Genre - Triangle , Youth love , Friend zone Protagonists preview - College students "It's just you and I, and no other guys We got no interruptions and we both feelin' the vibe Say I'm not your type But I know what's on your mind We can talk a...