" မင်းက ငါ့စီးပွားရေးကို ရှေ့ကနေ တစ်ကွက်ကျော်ပြီးလုရက်တယ် "
" လုတယ်လို့ မပြောကြေးလေ .. ရှင် ပိုင်နေတဲ့ လုပ်ငန်းမှမဟုတ်သေးတာ "
ဒါဟာ ဒီအပတ်ထဲမှာတင်ဖြစ်တဲ့ ဘယ်နှပွဲမြောက် ရန်ပွဲလဲ ဆိုတာ ဟီဆွန်းမမှတ်မိတော့ ။ မနေ့ကလည်း အဖေနဲ့အမေ ရန်ဖြစ်ခဲ့ကြတာပဲ ၊ ဟိုးတစ်နေ့ကလည်း ရန်ဖြစ်ခဲ့ကြတာပဲ ၊ ရှေ့ တစ်နေ့တွေကရော ။
ဒီနေ့ဟာ တစ်ပတ်တာလုံးရဲ့ ပိတ်ရက်ဖြစ်တဲ့ စနေနေ့ ။ ဟီဆွန်း ကွန်ပျူတာ သင်တန်းရှိပေမဲ့ မသွားရသေးပေ ။ ဘာလို့ဆို ဒီနေ့က သူ့ရဲ့ အသက် ၁၇ နှစ်ပြည့်မွေးနေ့မို့ ဒီနေ့တစ်နေ့တော့ မိသားစုလေး သင့်သင့်မြတ်မြတ်ရှိပြီး ဝိုင်းဝန်း ဂုဏ်ပြုပေးကြလေမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဟီဆွန်း သင်တန်းကို တမင် ခွင့်ယူထားခဲ့တာ ။
အဲ့လိုမှန်းသိရင် သင်တန်းကို သွားခဲ့တာပေါ့ ။ စောနိုင်သမျှ စောအောင်ကို သွားခဲ့မှာ ။
ဒါပေမဲ့ ဖန်တရာတိုင်အောင် အက်ကြောင်းထပ်နေတဲ့ အကြောင်းပြချက်တစ်ခုကို ဦးတည်ပြီး အဖေနဲ့ အမေက စကားများရန်ဖြစ်နေကြဆဲပဲ ။ အပတ်တိုင်းရဲ့ တနင်္လာနေ့မှသည် သူတို့ နှစ်ယောက်ထိပ်တိုက် ဆုံလိုက်တဲ့အချိန်တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အနိုင်ယူ စစ်ခင်းထိုးနေကြတာ ထုံးစံတစ်ခုလိုပင် ။
သို့သော် သူ့မိဘတွေက ဟီဆွန်းကို မချစ်ကြဘူးလားဆိုတော့ မဟုတ်ပြန်ဘူး ။ သူတို့က ဟီဆွန်းကို သိပ်ချစ်ကြပါသည် ။ သူများတွေထက် သာလွန်တဲ့ အရာတွေကို ဟီဆွန်း လိုလေသေးမရှိအောင်ပိုင်ဆိုင်နေရသည် ။ ချစ်ခြင်းမေတ္တာတွေလည်း သက်သက်စီ တစ်ယောက်ချင်းစီကနေ ခွဲဝေရရှိနေခဲ့သည် ။
အဖေကလည်း ဟီဆွန်းကို သိပ်ချစ်သည် ၊ အမေကလည်း ဟီဆွန်းကို သိပ်ချစ်သည် ၊ အစ်ကိုကလည်း ဟီဆွန်းကို သိပ်ချစ်ပါသည် ။ သို့သော် ဟီဆွန်း မကျေနပ်နိုင်သေးပါ ။ ဒါတွေက သူ့ကို အမှန်တကယ် စိတ်ကျေနပ်မှု အပြည့်အဝမပေးနိုင်သေး ။
" ဆောင်းဟွန်းနီးက သူ့သူငယ်ချင်းနဲ့ အင်္ဂလိပ်စာသင်တန်းသွားတက်တယ် ဆွန်းလေး "
YOU ARE READING
Daffodils never lie
Fanfiction희젴훈 Genre - Triangle , Youth love , Friend zone Protagonists preview - College students "It's just you and I, and no other guys We got no interruptions and we both feelin' the vibe Say I'm not your type But I know what's on your mind We can talk a...