Like I Need U

882 154 45
                                    

သူ ဂျယ်ယွန်း အိမ်ရှေ့က သစ်ပင်ညိုကြီး အကွယ်တွင် စောင့်နေခဲ့တာ နာရီဝက်ကျော်ကြာပြီဖြစ်သည် ။ ကျောင်းတက်ရမဲ့ရက်မှာ ကျောင်းကို တိုက်ရိုက်မသွားဘဲ ဘာလို့ ဂျယ်ယွန်း အိမ်နားမှာ လာစောင့်နေမိတာလည်းဆိုတာ ကိုယ့်ကိုယ်ကိုယ် နားမလည်တော့ပေ ။ 

အတူတူ သွားဖို့မှ မဖြစ်နိုင်တော့တာ ။ ဂျယ်ယွန်း သူ့ကို စိတ်ဆိုးနေမှာ သေချာသလောက်ရှိသည် ။ 

ဂျယ်ယွန်းမရှိတဲ့ သူ့ကမ္ဘာက အရှုံးသမားတစ်ယောက်လို အလကားပင် ။ သို့သော် ထိန်းချုပ်နိုင်စွမ်းတွေ ကင်းမဲ့မသွားခင် အလျင်အမြန် စည်းခြားလိုက်နိုင်တာမို့ ဆောင်းဟွန်းအတွက်တော့ လမ်းမှန်လျှောက်နေတယ်ဆိုတာ သေချာပါသည် ။ 

 တစ်ရက်ကျော်နီးပါးကြာသွားပေမဲ့ ဂျယ်ယွန်းက သူ့ကြောင့် ငိုရတယ် ဆိုသော အမှန်တရားဟာ အခုထိတိုင် နာကျင်စရာကောင်းနေဆဲ ။ 

ခဏအကြာတွင် ခြံတံခါးလေးကို စူပုတ်ပုတ်ဖြင့်လာဖွင့်သော ဂျယ်ယွန်းကို မြင်တော့မှ မနက်ခင်းလေညှင်းလေးရဲ့ အရသာကို ခံစားမိတော့သည် ။ အခုနကလို အေးစက်မနေတဲ့ ခပ်နွေးနွေးလေညှင်းလေး ဖြစ်သည် ။

ဂျယ်ယွန်း တစ်ယောက် ကားကို ဖြည်းဖြည်းချင်းမောင်းသွားပြီးမှ ဆောင်းဟွန်းလည်း အကွယ်နားလေးက ထွက်လာနိုင်တော့သည် ။ ပုံမှန် သူတို့နှစ်ယောက်သွားနေကြ အချိန်ထက် နာရီဝက်လောက်ပိုစောနေတာမို့ ဂျယ်ယွန်းက သူ့ကို ရှောင်ချင်နေမှန်းသိပါသည် ။ 

ဆောင်းဟွန်း မသိတာက ဂျယ်ယွန်းရဲ့ ဆွီတီဟာ သူ့အိမ်ရှေ့ကို လမ်းကြောမသင့်ပေမဲ့ တမင် ဖြတ်သွားခဲ့သေးသည် ဆိုတာကိုပင် ။ 

-

-

" တည့်နေတော့လည်း ဘယ်သွားသွား တပူးပူးပါပဲလား " 

ဂျောင်ဝန်းက နို့အေးဘူးကို ပိုက်နဲ့ ဖြည်းဖြည်းချင်းစုတ်သောက်နေကာ ဆောင်းဟွန်းအလာကိုစောင့်နေတဲ့ ဂျေးကို တံတောင်တွတ်ရင်း လှမ်းပြောသည် ။ သူတို့ အတန်းကို တိုက်ရိုက်မဝင်ဘဲ  စီနီယာ အီဟီဆွန်းရှိတဲ့အတန်းကို လိုက်သွားတဲ့ အစ်ကို ဂျယ်ယွန်းက ရယ်မောနေလို့ရယ် ။ ဂျေးကတော့ " အင်း " တစ်လုံးကလွဲပြီး ဘာမှပြန်မပြောလိုက်ချေ ။ ဘာမှသိမဲ့ပုံလည်းမပေါ် ။

Daffodils never lieOù les histoires vivent. Découvrez maintenant