Dusk Till Dawn

819 162 17
                                    

စနေနေ့ကစပြီး ၇ ရက်ပြည့်တဲ့ နောက်တစ်ပတ် စနေအထိ ဂျယ်ယွန်းက သူ့အချိန်တွေ ဟီဆွန်းကို ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည် ။ ဒီနေ့ဟာ တနင်္လာနေ့ .. နောက်ထပ် ၅ ရက်တိတိလိုသေးပေမဲ့ နောက်တစ်ပတ်စနေနေ့မှာ ဂျယ်ယွန်းက သူ့ကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ကြိုတင်ရန်ခုန်နေသည် ။ 

အဖြေက တစ်ခွန်းတည်းရယ် ။ Yes လား ၊ No လား ဆိုတဲ့ မေးခွန်းတွေလိုပဲ ။ ရှေ့ဆက်တိုးနိုင်မလား ၊ ဒီအနေအထားမှာပဲ ရပ်သွားမလား ဆိုတာ ဂျယ်ယွန်းအပေါ် အပြည့်အဝ မူတည်နေသည် ။ 

ဒီနေ့တော့ သွားချင်တဲ့နေရာလည်း ထွေထွေထူးထူးမရှိသည်မို့ ဂျယ်ယွန်း အိမ်နားက Ice-cream shop တစ်ခုမှာ အေးဆေးထိုင်ဖြစ်သည် ။ ကျောင်းအပြန်မှာ မျက်နှာမကောင်းပေမဲ့ ရေခဲမုန့်ရတော့ မျက်လုံးလေးပြူးပြီး လှမ်းယူလိုက်တာကို ဟီဆွန်းအခုထိ မြင်ယောင်နေတုန်း ။ 

ဆိုင်လေးက လူရှင်းသည့်အပြင် Lauv ရဲ့ I like me better ကို ခပ်တိုးတိုးဖွင့်ထားသည်မို့ ချစ်ရတဲ့ကောင်လေးနဲ့ အတူတူရှိနေရတဲ့ တနင်္လာနေ့ ရဲ့ နေ့လယ်ခင်းဟာ ကြည်နူးဖွယ်အတိပင် ။ 

" ဒီနေ့ ခင်ဗျားနဲ့ ကျွန်တော် outfit matching ဖြစ်နေတာပဲ "

ရေခဲမုန့်ကို ကလေးလို ပေပွနေအောင်စားရင်း ခြေထောက်ကို ရမ်းနေသည့် ဂျယ်ယွန်းက အရင်ဆုံး စကားစလာသည် ။ အီဟီဆွန်း နေ့တိုင်း အနက်ရောင်ပဲ ဝတ်တတ်တာကို လူတိုင်းသိသည် ။ ဒီနေ့တော့ ဂျယ်ယွန်းက သူနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အဖြူရောင်ကို ဝတ်လာသည်လေ ။ တခြားစီ ဖြစ်နေတဲ့ အရောင်တွေက လူတိုင်းလက်ခံထားတဲ့အလိုက်ဖက်ဆုံးအရောင်နှစ်ခုဖြစ်နေခဲ့တာပဲ ။

" မင်း ကိုယ်နဲ့ တမင် match ဖြစ်ချင်လို့ ဝတ်လာတာမလား " 

ရယ်ကျဲကျဲ နှင့် မေးသောအခါ "ဖြစ်ရလေခြင်း " ဆိုတဲ့ မျက်နှာထားနှင့် မဲ့ပြုံးပြုံးပြသော ဂျယ်ယွန်းက တကယ် ငဂျစ်ကလေးရယ်ပါ ။ ဒီနေ့ ဘာကြောင့် အပြာရောင် bear လေး စိတ်ညစ်လာရလဲ ဆိုတာ မသိပေမဲ့ ဂျယ်ယွန်း စိတ်ပျော်လာအောင် ကြိုးစားဖို့က ဟီဆွန်းရဲ့ တာဝန်ပဲလေ ။ ဘယ်သူမှ ခိုင်းစေခြင်းမရှိပါဘဲ ကိုယ့်စိတ်အလိုကျ ထမ်းဆောင်ပေးချင်တဲ့ တာဝန်လေး ဖြစ်သည် ။ 

Daffodils never lieWhere stories live. Discover now