Beside you

1.2K 186 56
                                    

" ကျွန်တော် ခင်ဗျား အိမ်အောက်မှာ ရောက်နေတယ် " 

ဒီစကားကိုကြားတော့ ဟီဆွန်းကိုယ့်နားကိုယ်ပင် မယုံနိုင် ။ 

သူ ကုတင်ပေါ်ကနေ ကုန်းရုန်းထရင်း ဝရံတာ တံခါးကို အလောတကြီးလှမ်းဖွင့်လိုက်သည် ။ ဖုန်းထဲကစကားအတိုင်း အပြင်မှာ အမှန်တကယ် ဖြစ်နေမှန်းသိလိုက်ရတဲ့အခါ ပျော်တယ် ဆိုတဲ့ ခံစားချက်က အရှိန်မြန်မြန်လှုပ်ရှားသွားတဲ့ နှလုံးသားမှတစ်ဆင့် ဦးနှောက်ဆီသို့ ပမာဏခပ်များများ တိုးဝင်လာသည် ။ 

ညမိုးချုပ်မှ ရင်ခုန်သံတွေဆူညံသွားအောင်လာလုပ်တဲ့ အပြာရောင် bear လေးက သိပ်ကို ဆိုးလွန်းပါသည် ။ ခြံရှေ့က တိုင်ကို မှီရင်း တစ်ယောက်တည်းစကားတွေပြောလိုက် ၊ ခေါင်းကုတ်လိုက် ၊ ခေါင်းခါလိုက် လုပ်နေတဲ့ ဂျယ်ယွန်းကို ဟီဆွန်း ဝရံတာက လှမ်းကြည့်ရင်း ပြောမပြတတ်အောင် ကြည်နူးနေရသည် ။ 

" မင်းက ကိုယ့် အိမ်ရှေ့အထိ ဘာလာလုပ်တာလဲ ? ဒီအချိန်ကျမှ ရုတ်တရက်ကြီး ဘာကိစ္စများရှိလို့လဲ " 

ဖုန်းထဲကနေပဲ စိတ်ကိုထိန်းပြီး မေးလိုက်တဲ့ သူ့ရဲ့ စကားကို ဂျယ်ယွန်းက အတော်ကြာအောင် ပြန်မဖြေဘဲ သူ့လည်ပင်းကို ပွတ်နေသည် ။ ညအချိန် ပတ်ဝန်းကျင်က စိမ့်အေးနေတာမို့ ဟီဆွန်း ရပ်ကြည့်နေရုံနဲ့ မပြီး ။ ဖြစ်နိုင်ရင်အောက်ဆင်းပြီး ကောင်လေးကို သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်ချင်သည် ။ 

အိမ်ထဲကိုခေါ်ရင်ကောင်းမလားလို့ တွေးလိုက်ပေမဲ့ လာရင်းကိစ္စကိုလည်း မသိသေးတာမို့ အနည်းငယ် ဝေခွဲရခက်ပြန်သည် ။ ကောင်လေးက စိတ်မြန်လက်မြန် ဆတ်ဆတ်ကြဲလေးရယ် ၊ အခု ညတွင်းချင်းရောက်လာတာတောင် သူ့ကို ရန်တွေ့ဖို့လားဆိုတာ မသိနိုင် ။ 

လိုရမယ်ရ ကားသော့ပါယူလာခဲ့ပြီး ဆိုးလ်ညရဲ့ ရေခဲရေလိုအေးလှပါသော လေထုကို အံတုဖို့ ဂျာကင်အပါးတစ်ထည်သာ ဝတ်လာခဲ့သည် ။ 

အိပ်ခန်းထဲကနေ ခြံရှေ့ကို သွားဖို့ လမ်းခရီးကလည်း ဤမျှ ကြာညောင်းနိုင်ရသလား ။ သို့သော် ဟီဆွန်း မျက်နှာမှာ အပြုံးမပြတ်ခဲ့ ။ 

Daffodils never lieWhere stories live. Discover now