Need You Now

983 143 38
                                    

" ချန်ပီယံနေရာကိုလုဖို့ အကြိတ်အနယ် ဖြစ်နေပါတယ် ။ ပတ်ဆောင်းဟွန်းဘက်က ခြေတစ်လှမ်းသာနေတယ်လို့ ပြောလို့ရပါတယ် " 


ဆောင်းဟွန်း ဒီတစ်ပွဲတော့ နိုင်မှာကျိန်းသေပါသည် ။ ဒုတိယပွဲစဉ်မှာ အာရုံနည်းနည်းလွတ်သွားလို့သာ သရေ ဖြစ်သွားရသည် ။ ဘာပဲ ဖြစ်ဖြစ် ချန်ပီယံဆုယူပြီး အိမ်ပြန်ဖို့ ဆုံးဖြတ်ထားသည် ။ 

ဆော့မယ့်ဆော့ နိုင်အောင်ဆော့မှ ပျော်စရာကောင်းမှာပေါ့ ။ အပျော်သဘောနဲ့ ဆော့လာရင်းကျွမ်းကျင်တဲ့အဆင့်အထိ ရောက်လာခဲ့တာမို့ ရှုံးရတာကို ဆောင်းဟွန်း မကြိုက်ချင်တော့ပါ ။ 

Staff တွေ ရပ်နေတဲ့ဆီကို လှမ်းကြည့်တော့ ဂျောင်ဂျင်းဝူဘက်ကိုကြည့်ရင်း စိတ်ညစ်ပုံပေါက်နေတဲ့ ဂျုံဆောင်းကို တွေ့ရသည် ။ သူနိုင်မှာကိုလည်း ဂျုံဆောင်းတင်မက ပွဲခင်းထဲက လူတိုင်း ခန့်မှန်းမိသည် ။ 

ဂျောင်ဂျင်းဝူလည်း မျက်နှာတော်တော်ပျက်နေသည် ။ နာမည်ရပြီးသား လူတစ်ယောက်မို့ ရှေ့ပွဲတွေမှာ နိုင်လာခဲ့သမျှ သဲထဲရေသွန်အဖြစ်ခံပြီး သူ့လို ရိုးရိုး ကစားသမား ပြိုင်ဘက်ကို ရှုံးသွားမှာကို တွေးပူနေပုံပင် ။ 


" မထင်မှတ်ထားတဲ့ အခြေအနေပါ ။ ဂျောင်ဂျင်းဝူ level ထိုးတက်သွားပါတယ် ။ ပတ်ဆောင်းဟွန်း ရုတ်တရက် နှေးသွားပါတယ် " 

ပွဲခင်းတစ်ခုလုံး တိတ်ဆိတ်နေရာကနေ ရုတ်တရက် ဆူညံလာသည် ။ ဂျောင်ဂျင်းဝူမှာလည်း ဖန်တွေများတာမို့ သူတို့လူ အသာစီးရနေတော့ အားပေးသံတွေ ပြည့်နေသည် ။ 


" ကျွန်တော်တို့ရဲ့ ချန်ပီယံလုပွဲကြီးက နောက်ဆုံးတော့ပြီးဆုံးသွားပါပြီ ။ ဂိမ်းဘုရင် ဂျောင်ဂျင်းဝူကတော့ ဂျောင်ဂျင်းဝူပါပဲ ။ ပြိုင်ပွဲဝင်ပတ်ဆောင်းဟွန်းလည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ် ။ သေသေသပ်သပ်ကစားသွားတာ မချီးကျူးဘဲ မနေနိုင်အောင်ပါပဲ  " 


ပွဲပြီးတော့ ကစားသမားအချင်းချင်း လက်ဆွဲနှုတ်ဆက်ကြသည် ။ idol တစ်ယောက်လို ဖြစ်နေတဲ့ ဂျောင်ဂျင်းဝူနဲ့ ဓာတ်ပုံအတူတူတွဲရိုက်ပြီး လက်မှတ်ပါရခဲ့တာမို့ ဆောင်းဟွန်း ကျေနပ်ပါသည် ။ " ကျေးဇူးတင်ပါတယ် " ဆိုတဲ့စကားတစ်ခွန်းကိုလည်း မမျှော်လင့်ဘဲ ကြားလိုက်ရသည် ။ 

Daffodils never lieWhere stories live. Discover now