I'm Fine _Intro

4.2K 177 3
                                    

"အားးး နာတယ် စောက်ကောင်ရဲ့ ငါ့ကိုလွှတ်"
"ထယ်ယောင်း မင်းတော်လိုက်တော့"

ကုတင်ပေါ်မှာ သူ့ကောင်မလေးshellyဆံပင်ကို ဆောင့်ဆွဲနေတဲ့ထယ်ယောင်း။

ဂျောင်ကု ပါးစပ်နဲ့ပြောမရတော့ စောင့်တွန်းလိုက်တယ်။
ထယ်ယောင်း ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်မှာပုံရက်သား။

"ဂျောင်ကု မင်း"
"အခုချက်ချင်း ငါ့အိမ်ကနေထွက်သွား"

ဂျောင်ကုရဲ့ ဒေါသတကြီးအော်သံ။
အဝတ်ကင်းမဲ့နေတဲ့ ဂျောင်ကုနဲ့ထိုမိန်းမ။

နာလိုက်တာ ၊ အရမ်းနာတယ်၊ ရင်ဘတ်ကြီးရဲ့ဟိုးနက်နက်ထဲထိအောင် နာကျင်ရတယ်။
ထိုမိန်းမက သူနဲ့ဂျောင်ကုနဲ့ ချစ်ခဲ့ကြတဲ့ ကုတင်ပေါ်မှာ အခန့်သားလေး လှဲနေတာ။

"မင်းနားကန်းနေလား၊ မင်းကိုထွက်သွားခိုင်းနေတယ်လေ"

ကြမ်းပြင်ပေါ်မှာ မျက်ရည်တွေစီးကျနေတဲ့ ထယ်ယောင်းက အခုထိထွက်မသွားသေး။
ဂျောင်ကုပို‌စိတ်တိုလာတယ်။

"အခုချက်ချင်းထွက်သွားလို့ပြောနေတယ်၊ မင်းမသွားရင် ငါရဲတိုင်မှာ၊ အိမ်တွင်းကျူးကျော်ဝင်ရောက်မှုနဲ့"

ဂျောင်ကု စကားကြောင့် ထယ်ယောင်းမျက်ရည်ကြားထဲကရီလိုက်တယ်။

"အဟက် အိမ်တွင်းကျူးကျော်ဝင်ရောက်မှုတဲ့လား၊ မင်းမေ့နေတာလား ဒီအိမ်ကငါမင်းကိုပေးထားတဲ့အိမ်ဆိုတာ"

"...."
"မောင်းထုတ်ချင်းထုတ် ငါကပဲ မင်းကိုမောင်းထုတ်ရမှာမဟုတ်ဘူးလား"

"အေး မင်းအိမ်ဆိုလဲ မနက်ဖြန်ချက်ချင်းဆင်းပေးမယ်၊ အခုတော့ အိမ်ထဲကထွက်သွားပေး၊ ငါတို့ကိုလာမနှောက်ယှက်နဲ့"

"မထွက်သွားနိုင်ဘူး ဒါငါ့အိမ်၊ ငါ့အိမ်မှာ မင်းဒီလိုဖောက်ပြန်နေတာ ဖြစ်သင့်လားဂျောင်ကု"

"အေး မင်းသဘောပဲ၊ ငါတို့ကတော့ လုပ်စရာရှိတာဆက်လုပ်မယ်၊ မင်းဆန္ဓရှိရင် ဆက်ကြည့်ပေါ့"

"ဘာ!"
"ပြွတ် ပြွတ် အွန်းး"

ဂျောင်ကုက သူ့စကားအဆုံးမှာ ထိုမိန်းမနဲ့နမ်းရှိုက်လို့ သူ့ကိုအရွဲ့တိုက်နေတယ်။
ဂျောင်ကုတို့နှစ်ယောက်ရဲ့  ပုံရိပ်တွေက ပိုမိုဆိုးဝါးလာတာမို့ နှလုံးသားက ဆက်ကြည့်ဖို့ မခံနိုင်တော့။

I'm FineWhere stories live. Discover now