"ဂျောင်ကု ငါပြန်ရောက်..."
"အင့် အ့ အ့"
"ဂျောင်ကု ငါငါ အသက်ရှူမဝတော့ဘူး"
"ဂျောင် အ့ဟ့"အိမ်ထဲဝင်ဝင်ချင်း တံခါးဝမှာတင် ပြေးဖက်လို့နမ်းလာတဲ့ဂျောင်ကု။
တင်းကျပ်စွာသိုင်းဖက်ထားတာ လွတ်ထွက်သွားမှာကြောက်နေသလို။ဂျောင်ကုဆီမှာ ဒီလိုအပြူမူမျိုးတခါမှ မတွေ့ဖူးတာအမှန်။
မိနစ်ပေါင်းများစွာ နမ်းရှိုက်နေပြီးမှ ဂျောင်ကုက ပြန်လွှတ်ပေးတော့တယ်။ထယ်ယောင်းနှုတ်ခမ်းထောင့်ကနေ စီးကျနေတဲ့အရည်ကြည်တွေ။
"မင်းလဲငါ့ကိုလွမ်းနေတယ်ပေါ့"
ထိုအရည်တွေကိုလက်ခုံနဲ့ သုပ်ရင်း ပြောတဲ့ထယ်ယောင်း။ဂျောင်ကုကတော့ သူ့ကိုစိုက်ကြည့်လို့ နေတယ်။
"မင်းငါ့ကို ချစ်လား"
"အင်းချစ်တယ်""ကတိပေး"
"ဘာကိုလဲ?"
"ငါ့ ငါ့ကိုမထားခဲ့ဘူးလို့ ကတိပေး"
"ပေးတယ် ငါမင်းကိုဘယ်တော့မှမထားခဲ့ဘူး"ထယ်ယောင်းရဲ့စကားအဆုံးမှာ ဂျောင်ကုက စိတ်သက်သာသလိုပြုံးတယ်။
နောက်ပြီး ထယ်ယောင်းကိုယ်လေးကို ညှင်သာစွာထွေးဖက်လိုက်တယ်။
"ငါမင်းကို အရမ်းချစ်တယ် ထယ်ယောင်း"
___________________________
"ကျစ် ထားခဲ့ပြန်ပြီ ဒီဘောစိလေးကတော့"
စားပွဲပေါ်က ထမင်းဗူးကိုကိုင်ရင်း ငြီးလိုက်တယ်။ဂျောင်ကုသိတယ်လေ။
ပထမတစ်ခါ ထမင်းဗူးလာပို့ပြီးကတည်းက နေ့တိုင်းလိုလို ထမင်းဗူးချန်ချန်ခဲ့တာ။ဘာလို့ချန်ခဲ့လဲမေးတော့ မင်းကိုလွမ်းလို့ထားခဲ့တာတဲ့။
ဉာဏ်နီဉာဏ်နက်အကုန်ထွက်တဲ့ ကျွန်တော့်ဘောစိလေး။
မတတ်နိုင်ဘူးလေ ဒီနေ့လဲ သွားပို့ရပြန်အုန်းမယ်။"မင်္ဂလာပါ ဂျောင်ကုရှီ"
ထမင်းဗူးနဲ့ဝင်လာတဲ့ ဂျောင်ကုကို တစ်ရုံးလုံးက မတ်တပ်ရပ်ပြီး နှုတ်ဆက်နေကြတယ်။"အာ...မင် .....မင်္ဂလာပါ "
ထယ်ယောင်းက တစ်ရုံးလုံးကို ဂျောင်ကုနဲ့မိတ်ဆက်ထားတာမို့ အားလုံးက တရိုတသေဖြစ်နေကြတယ်။
ထယ်ယောင်းက ရုံးခွဲအသစ်မှာ အကြီးဆုံးမဟုတ်လား။
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung