"ငါ့အတွက် အဓိပ္ပါယ်မရှိဘူး"
"မင်းမရှိတော့တဲ့ ဘဝက ငါ့အတွက်အဓိပ္ပါယ်မရှိဘူး"လက်ထဲက အိပ်ဆေးတွေကိုဗူးလိုက်မော့သောက်လိုက်တယ်။
ထို့နောက် မျက်ရည်စီးကြောင်းနဲ့အတူ အိပ်စက်ခြင်းဆီသို့။(စိတ်ချပါ ဂျောင်ကု၊ ငါမင်းနောက်လိုက်ခဲ့မယ်)
=====================
"တီးတီး တီးတီးး"
"တီးတီး တီးတီးး""တီးတီး တီးတီးး"
"တီးတီး တီးတီးး"အဆက်မပြတ်ကြားနေရတဲ့ ဖုန်းနှိုးစက်သံ။
ဖွင့်ကြည့်ဖို့ ခက်ခဲနေတဲ့မျက်ခွံတွေ။
ဖုန်းရှိရာကို စမ်းပြီး alarmကိုပိတ်လိုက်တယ်။နာရီကိုကြည့်လိုက်တော့ ၆နာရီ။
"ဪ ငါမသေသေးဘူးဘဲ"ခြောက်ကပ်နေပြီဖြစ်တဲ့ မျက်ရည်စီးကြောင်းတွေကို ပွတ်ထုတ်လိုက်တယ်။
(ဒီနေ့မသေသေးဘူးဆိုတော့ နောက်နေ့ထပ်ကြိုးစားတာပေါ့)တစ်စုံတစ်ယောက်က ဘဝမှာထပ်ပြီးမရှိနိုင်တော့ဘူးတဲ့
လက်မခံချင်စရာကောင်းလိုက်တာကွာ။ထပ်မံ ကျလုဆဲဆဲမျက်ရည်တွေကို သုတ်ပြီး ကုတင်ပေါ်ကဆင်းဖို့ပြင်လိုက်တယ်။
"ဟင်"
"ဒါ ဒါက..."ညကသူဝင်အိပ်ခဲ့တဲ့ ဂျောင်ကုအိပ်ခန်းမဟုတ်ဘဲ သူအိပ်နေကျစာကြည့်ခန်းကြီး။
လက်ထဲက အိပ်ဆေးဗူးလဲ မတွေ့တော့။
နိုးခါစမို့ အိပ်ချင်မပြေသေး။"ဝမ်း ဝရမ်း ခွမ်း"
နောက်ဖေးကနေ ကြားလိုက်ရတဲ့ဟင်းချက်သံကြောင့် အိပ်ချင်ပြေသွားတယ်။
(နားကြားမှားတာလား)ပိုမိုကျယ်လောင်ပြီး သေချာလာတဲ့ ဟင်းချက်သံတွေ။
(မဟုတ်မှလွဲရော)တုန်ယင်နေတဲ့လက်ချောင်းတွေနဲ့ ဖုန်းကိုကိုင်ပြီး dateကိုကြည့်လိုက်တယ်။
ထင်ထင်ရှားရှားမြင်နေရတဲ့ ရက်စွဲက စက်တင်ဘာ ၁ ။
________________________________
"ဂျောင် ဂျောင်ကု?"
နောက်ကျောပေးပြီး ဟင်းချကိနေတဲ့လူက ဂျောင်ကုမှ ဂျောင်ကုအစစ်။တောင့်တင်းနေတဲ့လက်မောင်းကို ခပ်မြန်မြန်ဆွဲလှည့်လိုက်တော့ ဂျောင်ကုက သူ့ကိုအံ့ဩမှုတွေနဲ့ ပြန်ကြည့်လာတယ်။
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung