"သား ထယ်ယောင်းလေး "
"အာပါးးး"
ကျောပိုးအိတ်လေးလွယ်လို့ အဖေ့ဆီကိုလုံးလုံးလေး ပြေးသွားတဲ့ ၈နှစ်သားထယ်ယောင်း။"အိုက်ဂူးး ချစ်ဖို့ကောင်းလိုက်တာ အာပါးကလေးလေးက"
"ခိခိ"
ရင်ခွင်ထဲမှာ ရီနေတဲ့ထယ်ယောင်းလေး။"လာ အိုမားကိုအလုပ်သွားကြိုကြမယ် ပြီးရင်ကစားကွင်းလိုက်ပို့မယ်"
စကားအဆုံးမှာ ထယ်ယောင်းလေးက ပျော်လွန်းလို့ထခုန်တယ်။...........
"ဝါးး အကြီးကြီးပဲ ရဟတ်ကြီးက"
ရေခဲမုန့်လေးကိုင်လို့ ရဟတ်ကိုငေးနေမိတယ်။"လာ အပါးတို့သွားစီးကြမယ်"
အဖေနဲ့အမေကို လက်လေးတွဲလို့ ရဟတ်ကွင်းထဲဝင်သွားတယ်။...........
ကားနောက်ခန်းမှာ အရုပ်လေးပိုက်လို့ထိုင်နေတဲ့ ထယ်ယောင်းငယ်။"ပျော်ခဲ့ရဲ့လားသား "
အလုပ်ကအပြန် ပင်ပန်းနေပေမဲ့ သူနဲ့တူတူလိုက်ကစားပေးခဲ့တာမို့ အိုမားကပိုပင်ပန်းနေမှာ။
"ဟုတ် ရမ်းပျော်တယ် အိုမား၊ နောက်လဲလိုက်ပို့လားဟင်"
"လိုက်ပို့မှာပေါ့ သားရဲ့၊ အိုမားအားတဲ့နေ့ကျရင်""ခိခိ"
ကစားကွင်းကဝယ်ခဲ့တဲ့ ဝက်ဝံရုပ်လေးကိုပိုက်လို့ ရီနေတယ်။ရီနေရင်းမှ ကားထိုင်ခုံနဲ့ လွတ်သွားတဲ့တင်ပါး။
အသိစိတ်မလွတ်ခင် ကြားလိုက်ရတဲ့အသံ။"ကျွှီ.....ဒုန်း"
__________________
"အာပါး?"
"အိုမား?!"
"သားထယ်ယောင်းလေး"အဖေနဲ့ အမေက အဖြူရောင်ဝတ်စုံကိုဝတ်ထားတာမို့ ထယ်ယောင်းစိတ်ထဲ ထူးဆန်းနေတယ်။
"အာပါးတို့ သွားရတော့မယ်"
"ဟင် ဘယ် ဘယ်သွားကြမလို့လဲ၊ အာပါးတို့နဲ့လိုက်ခဲ့မယ်လေ"အာပါးက မျက်ရည်တွေဝဲရင်း ခေါင်းယမ်းနေတယ်။
"အိုမားတို့ ထွက်သွားလို့ တစ်ယောက်ကျန်ခဲ့ရင်လဲ ဘဝကို အဆင်ပြေအောင် ဖြတ်သန်းပါနော်"
"အို အိုမား"
သူအရမ်းချစ်ရတဲ့ အာပါးတို့က သူ့ကိုထားပြီး ထွက်သွားတော့မယ်တဲ့ ။ မလုပ်ပါနဲ့ မထားခဲ့ပါနဲ့။
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung