I'm Fine Ep_26

1.1K 77 2
                                    

"တာဝန်ကျေခဲ့ပါတယ် ခြေရာလက်ရာတွေမကျန်ခဲ့ဘူးလို့ စိတ်ချထားမယ်"
"...."
"စိတ်ချပါ ကုန်ကျစရိတ်နဲ့ လုပ်အားခကို ကဒ်ထဲလွှဲပေးထားတယ်"
"...."
"အင်း အဲ့ကောင်မကိုသေချာစောင့်ကြည့်ထား ..ထားး"
"မောင်!!"

"ဟင် ယောင်းဘယ်တုန်းကနိုးလာတာလဲ"
"မောင်ဘာတွေလုပ်နေတာလဲ အခုဖုန်းပြောနေတာရော ဘယ်သူလဲ"

"ငါကိစ္စပေါ်လာလို့ နောက်ပြီးကျမှပြန်ခေါ်မယ် "
"တီးးး"

ဖုန်းကိုအမြန်ချလိုက်တော့ ပိုပြီးတွန့်ကွေးလာတဲ့ယောင်းမျက်ခုံးတွေ။ နောက်ပြီးရှပ်တစ်ထည်သာဝတ်ဆင်ထားတဲ့ ခန္ဓာကိုယ်ငယ်။
(ဟင် ဒါသူ့ရှပ်အင်္ကျီမဟုတ်လား)

ဟုတ်တော့ ဟုတ်သား ။ ခုနက ဖုန်းမလာခင် ရေချိုးမယ်ဆိုပြီး ရှပ်ကိုချွတ်ထားခဲ့တာပဲ။ အပေါ်ဗလာကျင်းဖြစ်နေတာ။

လှလိုက်တာ ယောင်းရယ် ၊ မောင့်တီရှပ်လေးနဲ့။

"မောင် !!ခေါ်နေတာကြားလား၊ ဘယ်သူလဲလဲ ဘာတွေပြောနေတာလဲ "
"ဒါမောင့် ကိစ္စပါယောင်း"
"ဘာပြောတယ် မင်းနဲ့ငါက မနေ့ကမှလက်ထပ်ထားတာနော်၊ ငါကအခုမင်းရဲ့အိမ်ထောင်ဘက်ပါ"

"...."
"ငါ့ကိုတခုခုဆို အသိပေးဖို့စိတ်ကူးမရှိဘုးလား"

"ဒါမောင့်ကိစ္စလို့ပြောနေတယ်လေ၊ ယောင်းသိစရာမလိုဘူး"

"ဂျောင်ကု !! မင်းအကျင့်တွေဘယ်တော့မှပြင်မှာလဲ၊ ငါဒါကိုထပ်ပြီးမခံစားနိုင်တော့ဘူး''

"ယောင်းရယ်"
ငိုသံစွတ်လာတဲ့ယောင်းရဲ့စကားသံတွေကြောင့် စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့လဲ မောင်ပြောလို့မရတဲ့ကိစ္စတွေလေ။

"ငါသိတယ်၊ မင်းမိန်းကလေးတစ်ယောက်အကြောင်းပြောနေတာ၊ ပြောစမ်းပါ အရင်ကလိုဖောက်ပြန်အုန်းမယ်မလား"
"ယောင်း မင်းမဟုတ်တာတွေ မပြောစမ်းနဲ့"

"ဒါဆိုမင်းငါ့ကို အကြောင်းကိစ္စအကုန်ပြောပြလေ"
"ဒါငါ့ရဲ့ ကိစ္စပဲ မင်းနဲ့မဆိုင်ဘူးယောင်း"

"ဪ မဆိုင်ဘူးတဲ့လား ဒါဆိုဘာလို့ငါ့ကိုယူထားသေးလဲ?"
"ကျစ်မဟုတ်.."
"ငါနဲ့မဆိုင်ဘူးဆိုတော့ ငါကမင်းရဲ့ဘာလဲ၊ မင်းအတွက်သူစိမ်းလား?"

I'm FineWhere stories live. Discover now