ဂျောင်ကုရယ်.....
ငါမင်းကိုမုန်းတယ်ဆိုပေမဲ့ ကလေးကိုတော့ ထိခိုက်လိုစိတ်မရှိခဲ့ပါဘူး"ဒါယွန်း?!!!!"
သွေးအိုင်ထဲ လဲကျနေတဲ့ကလေးငယ်။
အပြေးရောက်လာပြီး ထွေးဖက်ထားတဲ့ဖခင်။ထယ်ယောင်းကတော့ လူနာတင်ကားကိုအမြန်ခေါ်နေတယ်။
"ဘာဖြစ်တာလဲ ထယ်ယောင်းသူဘာဖြစ်သွားတာလဲ"
ရင်းနီးတဲ့ နာမ်စားကိုခေါ်ပြီးမေးတဲ့ ဂျောင်ကု။
ငါ ဘာပြောရမလဲ?"ငါ..ငါ ငါ့ကားနဲ့တိုက်မိတာ"
"ဟင်"
သူ့စကားအဆုံးမှာ ဂျောင်ကုက နဂိုဝဲတတ်နေတဲ့ မျက်ဝန်းကနေ မျက်ရည်တွေကျလာတယ်။"ငါ ငါ တောင်းပန်ပါတယ်၊ ငါတာဝန်ယူပါ့မယ်"
လူနာတင်ကားကိုဆက်တိုက်ခေါ်နေမိတယ်။
"မခေါ်နဲ့တော့ ထယ်ယောင်း၊ လူနာတင်ကားရောက်တဲ့ထိဆို သွေးထွက်လွန်ပြီးသေလိမ့်မယ် "
"ဟင်"
ကလေးကိုကုန်းပိုးပြီး ပြေးထွက်သွားတဲ့ ဂျောင်ကု။ထယ်ယောင်းဘာလုပ်ရမယ်မသိ။
လိုက်သွားရမလား၊ နေခဲ့ရမလားဆုံးဖြတ်လို့မရသေးခင်မှာပဲ ခြေလှမ်းတွေကဂျောင်ကုနောက်ကနေ ပြေးလိုက်ပြီးသားဖြစ်နေတယ်။
ဆီးနှင်းတွေထူတွေလမ်း။
လှမ်းပြီးတိုင်း မနည်းပြန်ထုတ်နေရတဲ့ ခြေထောက်တွေ။
တစ်ယောက်ထဲပြေးရတာတောင် ဒီလောက်ပင်ပန်းနေတာ
ကလေးလွယ်ထားတဲ့ဂျောင်ကုဆို ဘယ်လောက်ပင်ပန်းမလဲ။ဂျောင်ကုကို လှမ်းကြည့်လိုက်တော့ သူနဲ့တောတောလှမ်းနေပြီ။
မြင်နေရတာက ပြေးနေတဲ့ဂျောင်ကုရဲ့ကျောပြင်။
မဟုတ်ဘူး
သားသမီးဇောကပ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ကျောပြင်ပဲ။________________________
"အုပ်ထိန်းသူ ဘယ်သူလဲ"
အရေးပေါ်ခန်းကနေ အလျှင်စလိုထွက်လာတဲ့ ဆရာဝန်။အလောတကြီးပြန်ဖြေတဲ့ဂျောင်ကု။
"ကျွန်တော်ပါ ကျွန်တော်ပါ သူ့အဖေပါ""အိုကေ...ကလေးက သွေးထွက်လွန်နေတယ် သွေးသွင်းရမယ်"
"ဗျာ"
"ခင်ဗျားလိုက်ခဲ့ပါ"
"မဟုတ် မဟုတ်"
"အရေးတကြီးလိုနေတာမို့ မြန်မြန်ဝင်ခဲ့ပေးပါ"
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung