"ဟမ် ပါတီ?"
"တူတူသွားချင်တယ်လို့၊ လိုက်ခဲ့ပေးမယ်မလား"
"ဟို...."
"နော် နော် လိုက်ခဲ့ပါနော်"မျှော်တလင့်လင့်နဲ့ သူ့အဖြေကိုစောင့်နေတဲ့ထယ်ယောင်း။
သူနဲ့တူတူ ကုမ္ပဏီရဲ့နှစ်၃၀ပြည့် ပါတီကိုလိုက်စေချင်နေတာ။
ဂျောင်ကု လေပူတစ်ချက်မှုတ်ထုတ်မိတယ်။
သူဘယ်လိုဆန့်ကျင်နိုင်ပါ့မလဲ ဒီအလှလေးကို။"ကဲ လိုက်ခဲ့ပေးမယ် ရပြီလား"
"ယေးး မင်းကအကောင်းဆုံးပဲ"ကလေးလေးလို ထခုန်နေတဲ့ထယ်ယောင်းလေး။
ချစ်လွန်းလို့ ရင်ခွင်ထဲထွေးဖက်ထားလိုက်တော့ ရှက်ပြုံးလေးပြုံးပြန်တယ်။(မင်းတောတောဆိုးတာပဲ ထယ်ယောင်း)
(ငါ့နှလုံးသားကို ဘယ်ကတည်းက ခိုးယူသွားတာလဲ )____________________
"ဖြောင်းဖြောင်း ဖြောင်း...."
ကုမ္ပဏီဥက္ကဌရဲ့ အဖွင့်စကားအပြီးမှာ လက်ခုပ်သံတွေကျယ်လောင်လို့သွားတယ်။
"ကုမ္ပဏီအတွက် လုပ်ကိုင်ခဲ့တဲ့ဝန်ထမ်းတွေကို အဓိက ကျေးဇူးတင်ပါတယ်"
"နောက်ပြီး ယုံကြည်စွာလက်တွဲခဲ့တဲ့ ရှယ်ယာရှင်တွေကိုလဲ ကျေးဇူးတင်ပါတယ်"
"ကျွန်တော်တို့ ဆက်ပြီးလက်တွဲသွားချင်ပါတယ်"
"နောက်ဆုံးအနေနဲ့ ကြောငြာစရာတစ်ခုရှိပါတယ်"
"အဲ့တာက အခုအသစ်ဖွင့်ထားတဲ့ ကုမ္ပဏီခွဲမှာ မန်နေဂျာချုပ်ရာထူးအတွက် ရွေးချယ်ထားတဲ့ဝန်ထမ်းကိုပါ"
ဥက္ကဌရဲ့စကားအဆုံးမှာ ဆူညံသံတွေပြည့်နှက်သွားတဲ့ ပါတီပွဲ။
"ဘုရားရေ ၊မန်နေဂျာချုပ်ဆိုတာ CEOကလွဲရင် အကြီးဆုံးရာထူးလေ"
"တကယ်ကြီးလား၊ ဘုရားရေ ဘယ်သူ့ကိုပေးမှာပါလိမ့်""လီနာရေ ငါတို့မန်နေဂျာကြီးရရင်ကောင်းမှာပဲ"
"ဘယ်...မကောင်းပါဘူး မန်နေဂျာကြီးနဲ့မခွဲချင်ပါဘူးဆို""မန်နေဂျာချုပ်အဖြစ်ရွေးချယ်လိုက်တာက ကင်ထယ်ယောင်းပါ၊ ကျွန်တော်အရမ်းအားကိုးရတဲ့ ဝန်ထမ်းဆိုလဲမမှားပါဘူး"
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung