"ဟိုမှာ ဟိုမှာကြည့်"
"ဟယ် ချောလိုက်တာ"
"အဲ့တာဘယ်သူတုန်း""ငမ်းမနေနဲ့ ကောင်မရေ ဒုဥက္ကဌပါတနာတဲ့"
"ဟယ်တော်"
ငမ်းနေရင်းရှသွားတဲ့ အစစ်မနှစ်ယောက်။သိပ်မကြာ ဒုဥက္ကဌပုခုံးကိုဖက်လို့ ပွဲတတ်ဝင်လာတယ်။
နှစ်ယောက်လုံး အနက်ရောင် အနောက်တိုင်းဝတ်စုံနဲ့ သိပ်ကိုလိုက်ဖက်လွန်းတယ်။ထယ်ယောင်းတို့ကိုတွေ့တော့ ဥက္ကဌကစိတ်ပါလက်ပါ နှုတ်ဆက်လာတယ်။
"အိုး သားထယ်ယောင်းလေး"
"ဥက္ကဥကင်"ခေါင်းညိမ့်ပြီး ထယ်ယောင်းအရိုသေပေးလိုက်တယ်။
"ဒါကျွန်တော့်ချစ်သူ ဂျွန်ဂျောင်ကုပါ"
"အင်း လိုက်ဖက်တယ်၊ နောက်ဆုံးတော့ ငါ့သားငယ်လဲအချစ်ကိုတွေ့ခဲ့ပြီပဲ"သားတစ်ယောက်လိုသဘောထားတဲ့ ဥက္ကဌကထယ်ယောင်းကို သားငယ်ဟုသာသုံးနေကြ။
"မင်္ဂလာပါ ဥက္ကဌကင် ၊ဂျွန်ဂျောင်ကုပါခင်ဗျ"
ထို့နောက် ဥက္ကဌနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။_______________________
"တောက်"
ခပ်လှမ်းလှမ်းကနေ ဂျယ်လီအဆို့လိုက်နင်နေတဲ့ ဂျီဝန်။ဒါဘယ်လိုဖြစ်တာလဲ ။
ငါသေချာပေါက်ဒီကောင်ကို စိတ်ပိုင်းဆိုင်ရာရိုက်ချိုးထားတာပဲလေ။ဘယ်လိုသတ္တိတွေနဲ့ လူတွေရှေ့တောင်ပေါ်လာရဲရတာလဲ။
Social bullyနဲ့ Rape caseတွေကြုံခဲ့တဲ့ကောင်
ဒီလိုကောင်က sucide ဒါမှမဟုတ် traumaတော့ဖြစ်သွားမယ်ထင်ခဲ့တာ။အခုတော့ ဒီလိုခေါင်းပြန်ထောင်လာတယ်တဲ့လား။
ဟက် ထယ်ယောင်းနဲ့တောင် ပြန်တွဲနေတဲ့။ငါ့ကိုလှည့်စားတယ်ပေါ့ ဟုတ်လား။
ထယ်ယောင်းကို လမ်းခွဲပေးမယ်ဆိုပြီး ငါ့ကိုလိမ်တယ်ပေါ့။အေး ...နင့်ဘက်က ကတိမတည်မှတော့ နင့်ရဲ့ sex tapeတွေကို အခုလိုလူတွေရှေ့ထုတ်ပြရုံပဲပေါ့။
ဂျီဝန်ပြန်ကြည့်လိုက်တော့ ဥက္ကဌကင်နဲ့စကားပြောရင်း ရီမောနေတဲ့ ဂျောင်ကုနဲ့ထယ်ယောင်း။
တခဏအတွင်းမှာ ဥက္ကဌရဲ့ အသိမှတ်ပြုမှုကိုတောင် ခံရတယ်တဲ့လား။ နင့်ကိုယ်နင် ဟုတ်လှပြီထင်နေတာပဲ။
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung