"ဟင် ညနေတောင်ရောက်သွားပြီလား?"
ငိုရင်းနဲ့ အိပ်သွားတာ နိုးလာတော့ ညနေတောင်စောင်းနေပြီ။ထယ်ယောင်းရေမိုးချိုးပြီးတာနဲ့ တည်းခိုခန်းကနေထွက်သွားဖို့ပြင်လိုက်တယ်။
ထပ်ပြီး မနေချင်တောဘူးလေ
နာကျင်ရတယ်မဟုတ်လား(ဂျောင်ကု မင်းနဲ့ထပ်မတွေ့ပါရစေနဲ့တော့)
ခပ်မြန်မြန်ပြေးဆင်းလာတဲ့ ခြေလှမ်းတွေ။
လှေကားထစ်တွေကို ကျော်ပြီး အဆင်းမှာ.."အ့"
"ဟင့်"တိုက်မိတဲ့အရာတစ်ခု။
ငုံ့ကြည့်လိုက်တော့ ရေခဲမုန့်ကိုင်ထားတဲ့ ကလေးလေး။
ပုံမှန်ဆိုရင် ကလေးသိပ်ချစ်တတ်တဲ့ထယ်ယောင်းက အသည်းယားမိမှာ အသေချာပင်။ဒါပေမဲ့ မနက်တွေ့ခဲ့တဲ့ ဂျောင်ကုကလေးလေ။
မချစ်နိုင်ပေမဲ့လဲ မုန်းတော့မမုန်းပါ။(မင်းနဲ့မှမဆိုင်ဘဲ ကလေးရယ်)
မျက်ရည်လေးဝိုင်းလို့ မေ့ာကြည့်နေတဲ့ကလေးငယ်။
"ဦး ဦးကုတ်ကို ပေအောင်လုပ်မိပြီ"
ငိုသံစွတ်လို့ပြောနေတယ်။ခပ်မြန်မြန်ပြေးလို့ ကောင်တာတစ်ရှူးကိုယူပြီး သေချာသုတ်ပေးနေတယ်။
သူ့လက်သေးသေးလေးတွေနဲ့ပေါ့။"တောင်းပန်ပါတယ်နော် ဦးကိုတောင်းပန်ပါတယ်"
"ရပါတယ် ဦးကိုယ်တိုင်က လောနေတာကြောင့်ပါ""ဟု.... ဟုတ်"
"မသုတ်နဲ့တော့နော် ၊ဦးသွားစရာရှိ...."
"ဒါယွန်းလေး ဘာဖြစ်လို့လဲ"ထပ်မဆုံပါရစေနဲ့လို့ ခုနကပဲဆုတောင်းခဲ့တာကို ထပ်ဆုံပြန်ပြီ။
ဂျောင်ကုက အေပွန်ဝတ်စုံနဲ့ ရောက်လာတယ်။ဒူးတစ်ဖက်ထောက်လို့ ကလေးကိုမေးနေပြန်တယ်။
"ဘာဖြစ်လို့လဲဟင် ဒါယွန်းလေး"
"ဟို ဒီ ဒီဦးရဲ့ ကုတ်ပေါ်ကိုရေခဲမုန်ပေအောင်လုပ်မိသွားတယ်""ဒါယွန်းရယ် လမ်းသေချာကြည့်လျောက်ပါဆို ကဲ"
"ကလေးကို သေချာမဆုံးမမိလို့ တောင်းပန် ...ပန်?"တဖြည်းဖြည်း မော့ကြည့်လာတဲ့ဂျောင်ကု။
မတ်တပ်ရပ်လို့ ငုံ့ကြည့်နေတဲ့ ထယ်ယောင်း။
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung