"နေပါအုန်း၊ ပြန်တော့မလို့လား"
"ဟင်"နောက်ကျောကနေ ကြားလိုက်ရတဲ့အသံကြောင့် ဂျီဝန်ခြေလှမ်းတွေ ရပ်သွားတယ်။
"ဒီ, ဒီအသံက?"
"မဟုတ်မှလွဲရော"တုန်လှုပ်စွာ လှည့်ကြည့်လိုက်တော့ ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်လို့ ခပ်ပြုံးပြုံးကြည့်နေတဲ့ ဂျောင်ကု။
ခေါင်းတည့်တည့်ကိုမိုးကြိုးပစ်ခံလိုက်ရသလိုပင်။
"နင် ..နင်""အဟက်၊ ဒီနှစ်နှစ်လုံး ငါ့ကိုငုတ်တုတ်ထိုင်နေတယ်များထင်နေတာလား"
ဂျီဝွန်စကားပြောဖို့ အင်အားမဲ့နေတုန်း ဘောင်းဘီအိပ်ထဲကနေ ဘဏ်ကဒ်ကိုထုတ်လိုက်တဲ့ ဂျောင်ကု။
"မင်းက ငါ့ကိုအသက်သေစေချင်တယ် ၊ငါကတော့ နင့်ကိုဘဝသေစေချင်တယ်"
"...."
"ကြည့်ရတာ ဒီပွဲမှာ ငါနိုင်ပြီနဲ့တူတယ်၊ ဒီဝမ်ငါးသန်းမရှိတော့တဲ့ မင်းဘဝကိုမြင်ချင်သေးတယ် ဂျီဝွန်""ဒါ ဒါဆို နင် နင်"
"ဟုတ်တယ်၊ မင်းရဲ့ဝမ်ငါးသန်းက ဒီကဒ်ထဲမှာ""ခွေးကောင် ငါ့ကိုလှည့်စားရဲတယ်ဟုတ်လား"
"ဖြောင်း"အသံကျယ်နဲ့အတူ ဂျောင်ကုလည်ပင်းလဲထွက်သွားတယ်။
တဖြည်းဖြည်း ပြန်လှည့်ကြည့်တော့ ကြောက်စရာအကြည့်တွေနှင့်။ဂျီဝန်ဒေါသထွက်ရာကနေ ကြောက်ရွံလာမိတယ်။
မျက်လုံးထဲပြန်မြင်လာတာက ခုနကအလောင်း။
အဲ့လိုကြောက်စရာကောင်းတဲ့ အလောင်းကို ဂျောင်ကုသတ်ခဲ့တာများလားတွေးရင်း အနောက်ကိုဆုတ်လာမိတယ်။
" ငါ့ပါးကိုချဖို့ထိ သတ္တိတွေရှိနေတယ်လား"
"မဟုတ် မဟုတ်"အရင်ကကြောက်ရွံမှု သိမ်ငယ်မှုတွေနဲ့ သူ့ရှေ့မှာ ဒူးထောက်ငိုနေတဲ့ ဂျောင်ကုမဟုတ်တော့။
ဘာလို့လဲ ဘာလို့ဒီလောက်ပြောင်းလဲသွားတာလဲ။
"ခုနကအလောင်းက ဘယ်သူလဲမသိချင်ဘူးလား"
"ဟင်""အဲ့အလောင်းက ငါ့ကိုrapeခဲ့တဲ့ကောင်ရဲ့ အလောင်းပဲ"
"ဘာ!"ပိုမိုတုန်ရီလာတဲ့ ခြေထောက်တွေ။
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung