"ဒီရက်ပိုင်း reportတွေအဆင်ပြေရဲ့လား"
"ပြေပါတယ်၊ ရုံးတွင်းတာဝန်ခွဲဝေမှုတော့ နည်းနည်းခက်ခဲနေတာတခုပဲ""ဘာကိစ္စရှိနေတာလဲ"
"မန်နေဂျာချုပ် ဂျီဝန်ကတာဝန်ပျက်ကွက်နေတာ တစ်ပတ်ကျော်ပါပြီ ၊အခုထိအဆက်သွယ်လဲမရသေးတော့ သူ့တာဝန်တွေက လစ်ဟာနေပါတယ်""အင်းးး"
"သူ့ကိုပဲ ရအောင်ဆက်သွယ်ရမလား၊ တခြားသူပဲအသစ်ခန့်ရမလား ရှုပ်ထွေးနေတယ်""ဒါဆိုရုံးတွင်းပိုင်းက မတည်ငြိမ်တော့ဘူးပဲ"
"ဟို ကျွန်တော်ကြားမိတာတော့လေ မန်နေဂျာချုပ်က ပြန်ပေးဆွဲခံရတာဆိုလား"(ပြန်ပေးဆွဲခံရတယ်?၊ ဂျီဝန်က?)
(အရင်က ဂျောင်ကုကိုမတရားပြုမူခဲ့တာမဟုတ်လား?)
(အခုဘယ်သူက သူ့ကိုပြန်ပေးဆွဲတာများလဲ)
(ပြန်ပေးဆွဲမယ်ဆိုရင် ပိုက်ဆံကြောင့်ရယ် ရန်ငြိုးကြောင့်လဲပဲဖြစ်မှာ)(ဒါဆို ဂျောင်ကုများ....)
"ဒေါက်ဒေါက်"
"ဝင်ခဲ့ပါ"ခပ်ကျယ်ကျယ်ထွက်လာတဲ့ တံခါးခေါက်သံကြောင့် အတွေးစတွေပျက်သွားတယ်။
တံခါးဖွင့်ပြီးဝင်လာတာဂျောင်ကုပေါ့။
တွေးနေတုန်းရှိသေး ရောက်လာပြီ။"မောင် နေ့လယ်စာလာပို့ပေးတာ၊ ယောင်းမေ့ခဲ့တယ်ထင်လို့"
"မေ့ခဲ့တာမဟုတ်ပါဘူး တမင်ထားခဲ့တာ"သိသိသာသာငြိုးကျသွားတဲ့ ဂျောင်ကုရဲ့မျက်နှာ
"ကျွန်တော့်ကို ခွင့်ပြုပါ ဥက္ကဌကင်"အတွင်းရေးမှူးက အလိုက်တသိထွက်သွားတော့ ရုံးခန်းထဲမှာနှစ်ယောက်ထဲ။
"ဒါ ဒါဆိုလဲ နေ့လယ်စာတွေ စားလိုက်ပါလား၊ ယောင်းဘာမှမစားရသေးတာ မောင်သိတယ်"
သူ့စကားကို တုန့်ပြန်ခြင်းမရှိဘဲ ကွန်ပြူတာscreenကိုသာကြည့်လို့ အလုပ်လုပ်နေတဲ့ ယောင်းငယ်။
(မောင်ရင်တွေနာလိုက်တာ ယောင်းရယ်)
(ဒီလိုမျိုး လျစ်လျူရှုမထားပါနဲ့လား)(အရင်ကဆို သူ့ကိုနေ့လယ်စာလာပို့စေချင်လို့ ထမင်းဗူးတမင်ထားခဲ့တာ မောင်မှတ်မိပါသေးတယ်ယောင်းရယ်)
ကျလုဆဲဆဲမျက်ရည်တွေကို ပုတ်ထုတ်ပြီးထမင်းဗူးကို အသာဖွင့်လိုက်တယ်။ ယောင်းဘေးနားမှာ ထမင်းခွက်လေးတွေ အစီရီချထားလိုက်တယ်။
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung