"ဘယ်သူယူမှာလဲ ဒီကလေးကို"
"မင်းယူလေ မင်းမွေးထားတာမဟုတ်လား"
"ဘာပြောတယ် "
"ငါတော့ မယူနိုင်ဘူး ငါ့မှာနောက်အိမ်ထောင်နဲ့"
"တောက် ဒီခွေးမသား"သူ့ကိုတစ်ချက်တောင် လှည့်မကြည့်ဘဲထွက်သွားတဲ့အဖေရယ် ၊ဒေါသတွေနဲ့ ကျန်ရစ်ခဲ့တဲ့အမေရယ်။
(ငါ့ကို ဘယ်သူမှမလိုချင်ကြဘူးလား)
ဒူးလေးပိုက်လို့ ငိုနေတဲ့ကလေးလေးတစ်ယောက်ရယ်။_________________________________
"အမေ အမေ၊ သားအထက်တန်းအောင်တယ် ဒီမှာကြည့်"
"ဪကောင်းတာပေါ့ "
"ဟီးး အမေ မပျော်ဘူးလား"
သွားတန်းလေးတွေ ပေါ်လို့အားရပါးရ ရီနေတဲ့ဂျောင်ကု။"သိပ်ပျော်တာပေါ့ ၊ ငါဝဍ်ကျွတ်ပြီလေ"
"ဗျာ?"
"အထက်တန်းအောင်ပြီဆိုတော့ နင့်ဘဝနင်ကျောင်းပြီးနေခဲ့တော့""နေ နေပါအုန်း အမေရယ်၊ ကျွန်....ကျွန်တော်အမေ့ကို ပြန်ရှာကျွေးပါ့မယ်၊ ထွက်မသွားပါနဲ့ဗျာ"
"နင်ရှာကျွေးတာမလိုအပ်ဘူး၊ ငါနဲ့လာမပက်သက်နဲ့တော့ အိမ်ထောင်အသစ်နဲ့ ဘဝအသစ်မှာနေတော့မှာ ဂျောင်ကု"
အဖေ့တုန်းကလိုပဲ တချက်တောင်လှည့်မကြည့်ဘဲထွက်သွားတဲ့အမေ။
ဒီတစ်ကြိမ်လဲ ဒူးပိုက်လို့ငိုရင်းကျန်နေခဲ့ပြန်တယ်။
(ဘာလို့ ကျွန်တော့်ကို မလိုချင်ကြတာလဲဗျာ)_____________________
"ငါ ငါနင့်ကိုချစ်တယ် ဂျီဝွန်"
"ဟက် နင့်လိုကောင်ကလား?"
"...."
"နင်ကရုပ်တော့ ချောပါတယ်၊ ဒါပေမဲ့ အရည်ချင်းမရှိဘူး၊ ငါက ငါ့လောက်မတော်တဲ့လူကို အထင်မကြီးဘူးဂျောင်ကု""ငါ ငါကြိုးစားမှာပါ ၊ အခွင့်ရေးပေးပါလားဂျီဝွန်ရယ်"
"ကောင်းပြီလေ၊ ငါတက္ကသိုလ်ပြီးသွားတဲ့ချိန် နင့်ဆီမှာဝမ်သိန်းငါးရာရှိနေရင် တွဲမယ်"
"သိန်းငါးရာ...?"
(လေးနှစ်အတွင်းမှာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဂျီဝွန်ရယ်)
(အဲ့အစား ငါ့ကိုသာဒဲ့ငြင်းလိုက်ပါတော့လား)"အင်း ငါကြိုးစားမယ်၊ နင် နင်သာငါ့ကိုမေ့မသွားပါနဲ့နော်"
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung