"မောင်ရယ် လူတွေများကြီးရှိနေတာကို ဘာလို့ငိုနေတာတုန်း"
"မောင်မငိုပါဘူး"မျက်လုံးကြီးနီရဲတွတ်နေတာတောင် မငိုဘူးတဲ့။ မောင်လူညာပဲ။
လက်ထပ်ပွဲကြီးထဲ တရွတ်ရွတ်ငိုနေတဲ့ သတို့သားရယ်ပါ။ ငိုသာငိုတာ သူ့လက်ကိုနည်းနည်းမှမလွှတ်၊ လွတ်ထွက်သွားမှာစိုးတယ့်အလား တင်းတင်းကြီးဆုပ်ကိုင်ထားတာ။။
မောင်ရယ် ဘာတွေများစိုးရိမ်နေလဲကွယ်။ ယောင်းတို့ကလက်ထပ်ပြီးပြီပဲမဟုတ်လား။
"ဂုဏ်ပြုပါတယ် သားလေးထယ်ယောင်း"
"ဟာ ဥက္ကဥကင် လာပြီးဂုဏ်ပြုပေးတာ တကယ်ဝမ်းသာမိတယ်ဗျာ""အင်းးး ဥက္ကဌဟောင်းပါသားငယ်ရယ်၊ ကဲသက်ဆုံးတိုင်ပေါင်းသင်းသွားကြပါနော်"
"ဟုတ်ကဲ့ ""ထယ်ယောင်းကို အပ်ပါတယ်နော်၊ ဂရုစိုက်ကြင်နာပေးပါ"
ရုတ်တရက် ထယ်ယောင်းဘေးက ဂျောင်ကုလက်ကိုကိုင်ပြီးပြောလိုက်တာမို့ နည်းနည်းရှက်မိသလို။
"စိတ်ချပါ ကျွန်တော့်အမျိုးသားကိုအထိခိုက်ခံမှာမဟုတ်ပါဘူး၊ စိတ်ချမ်းသာအောင်လဲထားမှာပါ ဥက္ကဌ"
"ကဲ ဒါဖြင့် စိတ်ချမယ်လူလေးကို"
ဂုဏ်ပြုဝိုင်ကို သောက်ပြီးနောက်ထွက်သွားတဲ့ ဥက္ကဌဟောင်း။
____________________
"ဟဲ့ အီဆောမရေ စားပဲစားမနေနဲ့ ဟိုမှာကြည့်"
"ဘာကြည့်ရမှာတုန်း ဥက္ကဌကင်နဲ့ ဥက္ကဌဟောင်းပဲလေ""နင်ဟာလေ ...ဘားမှမသိဘူး"
"ဘာကိုသိရမှာလဲ"
ပလုပ်ပလောင်းနဲ့ ပြန်မေးတဲ့အီဆောမက အစားကလွဲလို့ဘားမှမသိ။"နင်ဘားမှမသိသေးဘူးပဲ ဥက္ကဟောင်းကဥက္ကဌကင်ကို လက်ဖွဲ့တာ ကမ်းခြေတစ်ခုလုံးတဲ့"
"ဟယ်တော်၊ မိုက်လှချည်လား"
"အေးဆို သူတို့ဟန်းနီးမွန်းတောင် အဲ့ကမ်းခြေကိုသွားမယ်ကြားတယ်""တိုးတိုး တိုးတိုးနဲ့ဘာတွေပြောနေကြတာလဲ"
"အာ မင်္ဂလာပါအဖွဲ့ခေါင်းဆောင်"
"အဖွဲ့ခေါင်းဆောင်မနေနဲ့၊ ဟိုဒေါက်ဖိနပ်မဂျီဝွန်လေ ဒီလောက်အရေးကြီးတဲ့ လက်ထပ်ပွဲေတာင်မတတ်ဘူး"
YOU ARE READING
I'm Fine
Fanficအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung