2years Later
"ဒီရာထူးကို ကျေနပ်စွာလက်ခံပါတယ် ၊ ဒီထက်ပိုတိုးလို့ကြိုးစားပါ့မယ်၊ အားလုံးပဲ ကူညီစောင့်ရှောင်ပေးကြပါ"
"ဖြောင်းဖြောင်း..ဖြောင်း!!"
စင်ပေါ်မှာ ရပ်နေတဲ့ယောကျာ်းတစ်ဦး။
ကြည့်လိုက်ရုံနဲ့ အရှိန်ဝါတစ်ခုရှိနေသလို။
တည်ကြည်လွန်းတဲ့ ယောကျာ်းဟန်အပြည့်။အပြုံးအရယ်မရှိတဲ့ နှုတ်ခမ်းနဲ့ ခန့်မှန်းရခက်တဲ့မျက်လုံးတွေ။
လွန်ခဲ့တဲ့နှစ်နှစ်က လမ်းမပေါ်မှာ ရုပ်ကြိုးပျက်အော်ငိုခဲ့ဖူးတယ်ပြောရင် ဘယ်သူမှယုံမှာမဟုတ်။
"ဝါး မိုက်တယ်ဟေ့၊ ဒုဥက္ကဌတောင်ဖြစ်သွားပြီတဲ့"
"အေးဟယ် ငါတို့စာရင်းဌာနမှာ မန်နေဂျာဖြစ်ခဲ့တယ်ဆိုတာ မယုံနိုင်ဘူး လီနာရယ်"အီဆောရဲ့ အပြောကို လီနာကိုခေါင်းတညိမ့်ညိမ့်နဲ့ ထောက်ခံတယ်။
စင်ပေါ်မှာရပ်နေတဲ့ ထယ်ယောင်းကို အားလုံးက အားကျတဲ့အကြည့် တွေနဲ့ မော့ကြည့်နေကြတယ်။
အကြီးဆုံးရာထူးကို ရသွားတာတောင် အမှာစကားအနည်းငယ်ပြောပြီး ဆင်းသွားတဲ့ထယ်ယောင်း။
"ဘာလဲဟ ၊ နည်းနည်းတောင်မရီဘူး"
"ဟဲ့ရှိန်စရာကြီးနော် ""ငါကြားတာ ဥက္ကဌကသားသမီးရင်းချာမရှိတော့ သူ့ကိုသားတစ်ယောက်လိုချစ်တာတဲ့၊ သူသာဥက္ကဌဖြစ်လာရင် မတွေးရဲဘူး"
"မသိပါဘူး၊ သွေးနားထင်ရောက်နေတာလားပဲ"
ရုံးခွဲတစ်ချို့က ဝန်ထမ်းတွေက ထယ်ယောင်းကိုလှမ်းကြည့်လို့ တီးတိုးပြောနေကြတယ်။
_________________________
ဒုဥက္ကဌရုံးခန်းထဲ ဝင်လာတဲ့ထယ်ယောင်း။
နေရာအသစ်မို့ နေသားကျအောင် ပတ်ကြည့်နေတယ်။မျက်နှာကြက်ကနေ ကြမ်းပြင်ထိ အသုံးဆောင်အားလုံးက luxuryဆန်လွန်းတယ်
(ဪ ဒါကဒုဥက္ကဌရဲ့ ရုံးခန်းတဲ့လား)စားပွဲပေါ်မှာ ထောင်ထားတဲ့ standကို အကြည့်ရောက်သွားတော့ "ဒုဥက္ကဌ ကင်ထယ်ယောင်း" တဲ့။
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung