"ဟင် စတော်ဘယ်ရီတွေကုန်သွားတာလား ဂျောင်ကု"
"အင်းဟုတ်တယ် မင်းခရီးသွားနေတော့ ထပ်မဝယ်ထားမိတာ"
"ဪ"သူစားချင်တာလေးမရှိတော့ မျက်နှာလေးညှိုးသွားရှာတယ်။
ရေခဲသေတ္တာကိုပြန်ပိတ်လိုက်တဲ့ ထယ်ယောင်း။
"ရပါတယ် မနက်မှပဲစားတာပေါ့"(မင်းကဘာမှမဖြစ်ပေမဲ့ ဒီကောင်ကြီးကတော့ဖြစ်နေပြီ ထယ်ယောင်းရေ)
ဂျာကင်အနက်ကို ခပ်သွက်သွက်ဝတ်လိုက်တဲ့ ဂျောင်ကု။
"ဘယ်သွားမို့လဲ ဒီချိန်ကြီး"
"စတော်ဘယ်ရီသွားဝယ်မို့လေ"
"ညနက်နေပြီကို မနက်မှဝယ်တော့""ပြွတ် ငါ့ကောင်လေးစားချင်တာဆို မိုးပေါ်မှာရောင်းနေလဲ တတ်ဝယ်မှာပဲ"
သူ့ပါးကိုနမ်းလို့ထွက်သွားဂျောင်ကု ကျောပြင်။
(ဟိ ငါ့ရီးစားက ချစ်တတ်လိုက်တာ)___________________________
24hour shopping mallက အိမ်နဲ့သိပ်မဝေးတာမို့ လမ်းပဲလျောက်သွားလိုက်တယ်။
"ဝမ် ၄၀၀၀ကျပါတယ်"
"ကျေးဇူးတင်ပါတယ်"စတော်ဘယ်ရီခြင်းလေးကိုင်လို့ ခပ်သွက်သွက် ထွက်လာတဲ့ဂျောင်ကု။
စိတ်က အိမ်ကထယ်ယောင်းဆီသာ လောနေတယ်။လျှောက်နေရင်း သူ့ဘေးကို ကပ်လာတဲ့ ကားအနက်တစ်စီး။
ထို့နောက် ကားပေါ်က ပြေးဆင်းလာတဲ့ လူတချို့နဲ့ ထိန်းချုပ်ခံလိုက်ရတဲ့ ခန္ဓာကိုယ်။"ခင် ခင်ဗျားတို့ ဘာလုပ်တာလဲ"
"လွှတ် အခုလွှတ်"ပတ်ဝန်းကျင်ကို အားကိုးတကြီးကြည့်လိုက်တော့ ညနက်ပိုင်းမို့ ဘယ်သူမှမရှိ။
"အိုးဟိုးးး အသံလေးတိုးပါအုန်း ကောင်လေးရဲ့ ။
တို့ကမင်းကိုဘာမှမလုပ်ပါဘူး"(ဒီ ဒီအသံက)
ဂျောင်ကု ထင်တဲ့အတိုင်းပင်။ သူ့ကိုဆေးလိမ်တိုက်ခဲ့တဲ့ အခြောက်ကောင်။(ကျစ် ဘယ်တော့မှ ရေစက်ကုန်မှာလဲကွာ)
ဒူးတွေ တုန်ရီနေတာ ကြောက်စိတ်နဲ့ မုန်းစိတ်ကြောင့်ပဲဖြစ်မည်။နောက်ပြီး ထွက်ပြေးလို့မရအောင် ဖမ်းချုပ်ထားတဲ့ လူတွေ။
"ခင် ခင်ဗျား ဘာဖြစ်ချင်တာလဲ"
"မင်းနဲ့စကားခဏပြောချင်တယ်"
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung