"ဟင်"
"ဘာ...ဘာတွေလဲ"
"ဘာတွေဖြစ်ကုန်တာလဲ"Projectorပေါ်မှာ မြင်နေရတဲ့အရာကို မယုံနိုင်ဖြစ်နေတဲ့ ဂျီဝန်။
ဂျောင်ကုရဲ့ sex tapeမဟုတ်ဘဲ wedding သီချင်းဖြစ်နေတယ်။
ပါတီကလူတွေလဲ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်။(သေချာပေါက် ငါstickကိုထိုးခဲ့တာပါ
ဘာတွေလဲ ကျစ်)ဂျောင်ကုတို့ရှိရာကို လှမ်းကြည့်လိုက်တော့ ထယ်ယောင်းမရှိတော့။ စားပွဲဝိုင်းမှာ ဂျောင်ကုတစ်ယောက်ထဲသာ။
(ပြန်သွားပြီလား?)
ထယ်ယောင်းပြန်သွားရင်တောင် တခြားလူတွေရှေ့မှာ အရှက်ခွဲလို့ရသေးတယ်မဟုတ်လား။
Laptopဆီပြန်သွားပြီး ဖွင့်မယ်ပြင်လိုက်တော့ ထိုးထားတဲ့ stickမရှိတော့။
ဟင်။
ဘယ်သူလုပ်တာလဲ။"အဟမ်း "
"အားလုံးလန့်မသွားပါနဲ့ ဒါကျွန်တော့ရဲ့ အစီစဉ်ပါ"ဂျီဝန်လှည့်ကြည့်လိုက်တော့ ခုနကပျောက်သွားတဲ့ ထယ်ယောင်း။
"ဒီလိုလူစုံတဲ့နေရာမှာ ကျွန်တော်သိပ်ချစ်ရတဲ့ အမျိုးသားကို လက်ထပ်ခွင့်တောင်းချင်လို့ပါ"
"ဝိုးးးး"
"ဟယ်တော်"
"မိုက်လိုက်တာ"
"Legendပဲ"တပြိုင်နက်ထဲ ဆူညံသံ၊ အံ့ဩသံတွေထွက်လာတယ်။
"Sweetဖြစ်လိုက်တာ ဒုဥက္ကဌရယ်၊ ကျွန်မသာဖြစ်လိုက်ချင်တယ်"
"Romanceကားတွေ လျော့ကြည့်ကောင်မရေ"
ထုံးစံအတိုင်း အော်ခံလိုက်ရတဲ့ ဝန်ထမ်းမလေး။"ဂျောင်ကု"
"ငါ့ဘဝမှာ မင်းမရှိရင်အဆင်ပြေနိုင်ဘူး၊ ငါမင်းကိုလိုအပ်တယ်"
"ပြီးတော့ ငါမင်းကိုအရမ်းလဲချစ်နေတယ်"ဂျောင်ကုဆီကို တလှမ်းချင်း လျှောက်လာရင်းပြောနေတယ်။
"မနက်တိုင်း မင်းဘေးမှာနိုးထလာခွင့်ပြုနိုင်မလား"
"မင်းချက်တဲ့ဟင်းတွေကို နေ့တိုင်းစားခွင့်ပြုနိုင်မလား"
"မင်းနဲ့အတူ အိုမင်းသွားတဲ့ထိ အတူနေထိုင်ခွင့်ပြုနိုင်မလား""ငါ့ဘဝထဲကို အပြီးပိုင်ဝင်လာပေးနိုင်မလား၊ ငါ့ကိုလက်ထပ်နိုင်မလားဟင်"
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung