"မကြာမီ ဆိုးလ်ကိုဆိုက်ရောက်ပါတော့မည်"
"ဧည့်သည်တော်များ အသင့်ပြုလုပ်ထားပါရှင်""မကြာမီ ဆိုးလ်ကိုဆိုက်ရောက်ပါတော့မည်"
"ဧည့်သည်တော်များ....."Uk Seoul လေယာဉ်က ညှင်သာစွာဆင်းသက်လာတယ်။
လေဆိပ်မှာ ဟိုဟိုဒီဒီရှာနေတဲ့ ထယ်ယောင်း။ဂျောင်ကုဖုန်းမကိုင်တာ သုံးလေးရက်ရှိပြီမို့ လေဆိပ်မှာလာကြိုပေးဖို့ မက်ဆေ့ပဲပို့ထားလိုက်ရတယ်။
လေဆိပ်ထဲလာကြိုနိုးနိုး ဖုန်းထိုင်ခေါ်နေပေမဲ့ လူကြီးမင်းနဲ့သာတိုးနေတယ်။
ထယ်ယောင်းလက်လျော့လိုက်ပါတယ်။
(သူမအားလို့နေမှာပါလေ)__________________________
"တီးတီးတီးတီး"
တံခါးpwနှိပ်သံ။"ကျီ"
ထို့နောက် တံခါးဖွင့်သံ။"ဟင်"
ထယ်ယောင်းဖိနပ်ချွတ်မယ်အလုပ် တွေ့လိုက်ရတဲ့ ဒေါက်ဖိနပ်။ထယ်ယောင်းဝင်လာတဲ့ အိမ်တစ်လျောက် အဝတ်စားတွေ ပြန့်ကျဲနေတယ်။
နောက်ပြီး အိပ်ခန်းကနေထွက်လာတဲ့ ငြီးသံတွေ။
ထယ်ယောင်း ခြေထောက်တွေ တုန်ရီလာတယ်။
စိတ်ထဲကနေ အကြီးကျယ်ဆုတောင်းနေမိတယ်။
(မဟုတ်ပါစေနဲ့၊ မဟုတ်ပါစေနဲ့)စိတ်ကိုတင်းလို့ အိပ်ခန်းတံခါးကိုဖွင့်လိုက်တော့ ထယ်ယောင်းဆုတောင်းတွေ မပြည့်မှန်းသိလိုက်ပြီ။
ထိန်းချုပ်မှုကင်းမဲ့သွားတဲ့ ဒေါသတွေက ထိုမိန်းမဆီသာ။
"အားးး နာတယ် စောက်ကောင်ရဲ့ ငါ့ကိုလွှတ်"
"ထယ်ယောင်း မင်းတော်လိုက်တော့"ကုတင်ပေါ်မှာ သူ့ကောင်မလေးshellyဆံပင်ကို ဆောင့်ဆွဲနေတဲ့ထယ်ယောင်း။
ဂျောင်ကု ပါးစပ်နဲ့ပြောမရတော့ စောင့်တွန်းလိုက်တယ်။
ထယ်ယောင်း ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်မှာပုံရက်သား။"ဂျောင်ကု မင်း"
"အခုချက်ချင်း ငါ့အိမ်ကနေထွက်သွား"ဂျောင်ကုရဲ့ ဒေါသတကြီးအော်သံ။
အဝတ်ကင်းမဲ့နေတဲ့ ဂျောင်ကုနဲ့ထိုမိန်းမ။
YOU ARE READING
I'm Fine
Fanfictionအမေက ဘဝကို အဆင်ပြေအောင်နေဖို့ ပြောခဲ့တယ်။ဘယ်လိုအဆင်ပြေအောင် နေရမလဲတော့ မပြောပြခဲ့ဘူး။ဒီလိုနဲ့ ကျွန်တော်လဲ ပင်ပန်းနာကျင်နေရင်တောင် အဆင်ပြေနေခဲ့တယ်။ Kim Tae Hyung